တရုတ်မှာ စမတ်ဖုန်း ကုမ္ပဏီများစွာ ရှိနေပေမယ့် Apple ရဲ့ iPhone 15 Series အသစ်ဟာ အရင်နှစ်က iPhone 14 Series ထက် ရောင်းအား ကောင်းနေပါတယ်။

တရုတ်ရဲ့ အကြီးမားဆုံး အွန်လိုင်း စတိုး ဖြစ်တဲ့ JD.com ဟာ Apple Resellers ပေါင်း ၄,၀၀၀ ကျော်နဲ့ ပူးပေါင်းထားပြီး iPhone 15 Series ကို စတင် ရောင်းချအပြီး ၂ နာရီကြာမှာ အရင်နှစ်ကထက် ရောင်းအားက ၂၅၃ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ပြောပါတယ်။

Apple iPhone 15 Series Officially Announced with Hardware-Based Ray Tracing, USB-C and Price Details - IGN

ဒါဟာ iPhone အသစ်တွေကို လူတွေ စိတ်ဝင်စားမှု အလွန်ကြီးမားနေတာကို ပြသနေပြီး တရုတ်ရဲ့ ဝင်ငွေနည်းတဲ့ မြို့တော်တွေကနေ ဝယ်လိုအားက ၆ ဆ တိုးတက်လာပါတယ်။ iPhone 15 Series ဟာ ဈေးနှုန်း ကြီးမားပေမယ့် တရုတ်မှာ ဝယ်လိုအား များပြားနေပါတယ်။

ဈေးကွက် လေ့လာဆန်းစစ်သူတွေက တရုတ်ရဲ့ စမတ်ဖုန်း ပျမ်းမျှ ရောင်းဈေးဟာ ဒေါ်လာ ၄၅၀ ကျော်သွားပြီလို့ ပြောပါတယ်။ နောက်လာမယ့် ကွာတားတွေမှာ ဒီထက်ပိုများသွားနိုင်ပါတယ်။ တရုတ်မှာ iPhone ရောင်းအားဟာ ဆက်လက် တိုးတက်လာနိုင်ပါတယ်။

Apple iPhone 15 series: Features, specs, price and more - Edge Middle East

Apple ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက iPhone 15 Series ကို ပထမအသုတ် နိုင်ငံတွေမှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်ဟာလည်း အစောဆုံး ရောင်းချတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပြီး iPhone 15 Series ရောင်းအား အလွန်ကောင်းနေပါတယ်။

Ref : gsmarena