iPhone 15 Series မှာ အပူလွန်ကဲနေတယ်လို့ User တွေက Apple ကို တိုင်ကြားနေကြပြီး User တချို့က တိုက်တေနီယမ် ဖရိမ်ဟာ ကိုင်လို့ မရအောင် အလွန်ပူနေတယ်လို့ ပြောကြပါတယ်။ Apple ရဲ့ Community Forum မှာ User တွေက iPhone 15 Pro နဲ့ Pro Max ဟာ အလွန် ပူနေတယ်လို့ ရေးသားနေကြပါတယ်။

Apple iPhone 15 Pro customers report overheating issues with new models. Here's why | Mint

User ၁ ယောက်က iPhone 15 Pro အသစ်ဟာ ကိုင်လို့ မရလောက်အောင် အလွန်ပူနေတယ်လို့ ရေးသားထားပါတယ်။ နောက် User ၁ ယောက်က “ ကျွန်တော့် အရေပြား အပူလောင်သွားပါတယ်။ iPhone 15 Pro Max က ဘာဖြစ်နေတာလဲ။” လို့ ရေးသားထားပါတယ်။

Apple Forum မှာ iPhone 15 Pro Series တွေ အပူလွန်ကဲနေတဲ့ အကြောင်း ရေးသားထားတဲ့ ပို့စ်များစွာ ရှိနေပါတယ်။ User ၁ ယောက်က iPhone 15 ကို သာမိုမီတာနဲ့ တိုင်းထားတဲ့ ဓါတ်ပုံ ၁ ပုံ တင်ထားပြီး အပူချိန်က ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပါတယ်။

Apple's iPhone 15 pro, pro max users complain that device can get too hot

TF International Securities မှ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ဖုန်း အလေးချိန်ကို လျှော့ချဖို့ ကြိုးစားခဲ့တာကြောင့် ဖုန်း ဒီဇိုင်းမှာ အားနည်းချက် ဖြစ်သွားကာ အပူလွန်ကဲတာလို့ ပြောပါတယ်။ သူက “ အဓိက အကြောင်းအရင်းက ဖုန်း အလေးချိန်ကို လျှော့ချချင်တာကြောင့် အပူစုပ်ယူတဲ့ စနစ်မှာ ပြဿနာ ဖြစ်သွားတာပါ။ အပူစုပ်ယူတဲ့ ဧရိယာကို လျှော့ချထားပြီး တိုက်တေနီယမ် ဖရိမ်ကို သုံးထားတာကြောင့် ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူက Apple ဟာ ဒီပြဿနာကို Software Update နဲ့ ဖြေရှင်းပေးနိုင်တယ်လို့ ပြောပါတယ်။ သူက အပူလွန်ကဲတာဟာ Chip ကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

Ref : theguardian