Apple က iPhone တွေရဲ့ Battery ပမာဏကို ပြောလေ့မရှိပါဘူး။ အဲဒီအတွက် iPhone တွေရဲ့ Battery ပမာဏကို တခြားနေရာတွေကနေ သိကြရပါတယ်။ နိုင်ငံတွေရဲ့ မှတ်ပုံတင် အာဏာပိုင် အဖွဲ့အစည်းတွေကနေ iPhone ရဲ့ Battery ပမာဏကို လေ့လာရပါတယ်။ အခုလည်း iPhone 16 Series ရဲ့ Battery ပမာဏကို ဘရာဇီး ကနေ သိလာရပါတယ်။

iPhone 16 family's exact battery capacities finally revealed

iPhone 16 မှာ 3,561mAh Battery ပါလာပြီး အရင်မျိုးဆက်ထက် ၆.၃ ရာခိုင်နှုန်း ပိုများလာပါတယ်။ iPhone 16 Plus မှာ 4,674mAh Battery တပ်ဆင်ထားပြီး ၆.၆ ရာခိုင်နှုန်း ပိုများလာပါတယ်။ iPhone 16 Pro မှာ 3,582mAh Battery ထည့်ထားပြီး iPhone 15 Pro ထက် ၉.၄ ရာခိုင်နှုန်း ပိုများလာပါတယ်။ iPhone 16 Pro Max မှာ 4,685mAh Battery ပါလာပြီး iPhone 15 Pro Max ထက် ၅.၅ ရာခိုင်နှုန်းပိုများလာပါတယ်။

Best iPhone in 2024: Which Apple Phone Should You Buy? - CNET

iPhone 16 Series ထဲမှာ Battery အတိုးတက်ဆုံးက iPhone 16 Pro ဖြစ်ပါတယ်။ ဒါဟာ တခြား iPhone 16 မော်ဒယ်တွေမှာ Battery သက်တမ်း မကောင်းဘူးလို့ မဆိုလိုပါဘူး။ A18 နဲ့ A18 Pro Chip နဲ့ အတွင်းပိုင်း အပူချိန်ထိန်းတဲ့ စနစ်ကြောင့် iPhone 16 Pro နဲ့ Pro Max ရဲ့ Battery သက်တမ်းဟာ အရင်မျိုးဆက်တွေထက် ပိုကောင်းပါတယ်။

iPhone 16 မော်ဒယ်တွေမှာ ပိုမြန်တဲ့ 25W MagSafe Charging ထည့်သွင်းထားပါတယ်။

ref : gsmarena