Apple က iPhone 16 Series ကို ကြေညာလိုက်ပြီး Pro မော်ဒယ်တွေမှာ A18 Pro Chip နဲ့ ကင်မရာ ခလုတ် ထည့်သွင်းထားပါတယ်။

iPhone 16 Pro မော်ဒယ်တွေမှာ အရင်မျိုးဆက်ထက် ပိုကြီးတဲ့ Display တပ်ဆင်ထားပါတယ်။ iPhone 16 Pro မှာ 6.3” နဲ့ 16 Pro Max  မှာ 6.9” Display တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 120Hz ProMotion Display ထောက်ပံ့ထားပြီ Bezel အပါးလွှာဆုံး iPhone ဖြစ်ပါတယ်။

Pro မော်ဒယ်တွေမှာ A18 Pro Chip မောင်းနှင်ထားပြီး A17 Pro ထက် CPU က ၁၅ ရာခိုင်နှုန်းနဲ့ GPU က ၂၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။

ကင်မရာတွေကို အဆင့်မြှင့်ထားပြီး 48MP Main , ကင်မရာက ProRAW နဲ့ HEIF ဓါတ်ပုံတွေကို Zero Shutter Lag နဲ့ ရိုက်ကူးနိုင်ပါတယ်။ 48MP Ultrawide နဲ့ 12MP 5x Periscope Telephoto ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။

ကင်မရာ Control ခလုတ် အသစ် ထည့်သွင်းထားပြီး ကင်မရာ Feature တွေကို မြန်ဆန်စွာ သုံးနိုင်ပါတယ်။ ခလုတ်ကို တစ်ချက်နှိပ်ရင် ကင်မရာ App ကို ဖွင့်ပေးမှာ ဖြစ်ပြီး နောက်တစ်ချက်နှိပ်ရင် ဓါတ်ပုံရိုက်ပေးမှာပါ။ ခလုတ်ကို ဖိထားရင် ဗီဒီယို ရိုက်ပေးမှာပါ။ Composition, Zoom နဲ့ တခြား Settings ကို ချိန်ညှိဖို့အတွက် Touch Gesture ကို သုံးနိုင်ပါတယ်။

Visual Intelligence Feature အသစ် ပါလာပြီး Google Lens လိုပဲ ကင်မရာ မြင်ကွင်းမှာ ပါတဲ့ အရာဝတ္ထုတွေရဲ့ သတင်းအချက်အလက်တွေကို ပြသပေးပါတယ်။

iPhone 16 Pro Max ဟာ Battery သက်တမ်း အကောင်းဆုံး iPhone ဖြစ်တယ်လို့ Apple က ပြောပါတယ်။ Pro မော်ဒယ် ၂ ခုစလုံးမှာ အားသွင်းနှုန်း ပိုမြန်လာပါတယ်။

Pro မော်ဒယ်တွေမှာ iOS 18 ထည့်သွင်းထားပြီး Apple Intelligence ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ မာကျောပြီး ပေါ့ပါးတဲ့ Grade 5 Titanium Frame နဲ့ တည်ဆောက်ထားပါတယ်။ Display ကို တခြားဖုန်း ဖန်တွေထက် ၂ ဆ ပိုမာကျောတဲ့ Ceramic Shield Glass နဲ့ ကာကွယ်ထားပါတယ်။ IP68 စံနှုန်း ပါလာပြီး မိနစ် ၃၀ ကြာ ရေအနက် ၆ မီတာအထိ ယူဆောင် အသုံးပြုနိုင်ပါတယ်။

Deep Black Titanium , Bright White Titanium , Natural Titanium နဲ့ Desert Titanium အရောင်တွေ ထုတ်လုပ်ထားပါတယ်။ iPhone 16 Pro 128GB ကို ၉၉၉ ဒေါ်လာနဲ့ iPhone 16 Pro Max 256GB ကို ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၁၃ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၂၀ ရက်နေ့ ရောင်းချမှာပါ။

Ref : gizmochina