Apple ဟာ iPhone 18 Pro နဲ့ 18 Pro Max ရဲ့ Under-display Face ID Sensor ကို စမ်းသပ်နေပြီလို့ တရုတ်ကနေ သတင်းထွက်လာပါတယ်။ အဲဒီဖုန်းတွေကို ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ Under-display 3D Face ID ကို သုံးထားတဲ့အတွက် Notch မပါလာဘဲ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole တစ်ခုပဲ ပါလာမှာပါ။ တခြား iPhone 18 မော်ဒယ်တွေမှာတော့ Under-display Face ID မပါလာဘဲ Notch တပ်ဆင်ထားမှာပါ။

Apple Working on Under-Screen Face ID for iPhone 18 Pro, Says Leaker -  MacRumors

Apple ဟာ ဒီနည်းပညာကို စမ်းသပ်နေပေမယ့် စိတ်ကျေနပ်နေပြီလို့ မဆိုလိုပါဘူး။ Face ID ကို Display အောက်မှာ ထားထားတဲ့အတွက် iPhone တွေဟာ Android ဖုန်းတွေလို အရှေ့ဘက်မှာ ပိုလှသွားမှာ ဖြစ်ပါတယ်။ 3D Face Scanning မပါဘဲ ကင်မရာကိုပဲ အားကိုးထားတဲ့ ဖုန်းတွေဟာ လုံခြုံရေး သိပ်မကောင်းပါဘူး။

iPhone 18 Pro under-display Face ID now in testing, rumor claims -  GSMArena.com news

Apple ရဲ့ Under-display Face ID ဟာ လုံခြုံရေး ပိုကောင်းလာစေပါတယ်။ Notch ကို မကြိုက်တဲ့ သူတွေအတွက် Under-display Face ID ပါတဲ့ iPhone 18 Pro နဲ့ 18 Pro Max တို့ကို အကြိုက်တွေ့နိုင်ပါတယ်။

Apple ဟာ ပထမဆုံး Folding iPhone မှာလည်း Under-display Face ID ကို စမ်းသပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ iPhone 18 နဲ့ iPhone 18 Air မှာတော့ သမားရိုးကျ Notch ထည့်သွင်းထားနိုင်ပါတယ်။

Ref : Gsmarena