Apple က iPhone အတွက် iPhone Pocket လို့ခေါ်တဲ့ “limited edition” accessory အသစ်တစ်ခုကို ကြေညာလိုက်ပါတယ်။

ဒါဟာ iPhone, AirPods နဲ့ တခြား နေ့စဉ်သုံး ပစ္စည်းသေးသေးလေးတွေကို ထည့်နိုင်တဲ့ ribbed mesh structure (အမွှာပုံစံ ဇာကွက်) ပါတဲ့ 3D-knitted (သုံးဖက်မြင် ချည်ထိုး) တည်ဆောက်ပုံနဲ့ လုပ်ထားတဲ့ cross-body (ဘေးလွယ်) သယ်ဆောင်ရတဲ့ အိတ်ငယ်လေး ဖြစ်ပါတယ်။
အဲဒီ accessory ကို Steve Jobs ဝတ်ဆင်ခဲ့တဲ့ နာမည်ကျော် အနက်ရောင် လည်ပင်းရှည်အင်္ကျီတွေကို ပြုလုပ်ခဲ့တဲ့ ဂန္တဝင် Issey Miyake Design Studio က တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Pocket ကို ပခုံးမှာ လွယ်အိတ်အဖြစ် ဒါမှမဟုတ် လက်ကောက်ဝတ်မှာ ဝတ်ဆင်နိုင်ပြီး၊ သူ့ကို လက်ကိုင်အိတ်တွေမှာလည်း ချိတ်တွဲနိုင်ပါတယ်။ ဒါဟာ ကြိုးတို နဲ့ ကြိုးရှည် ဗားရှင်းတွေနဲ့ လာပြီး၊ iPhone 8 ကစလို့ iPhone အားလုံးအပြင် AirPods မော်ဒယ်အားလုံးနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။
ကြိုးတိုဗားရှင်းက သံပုရာရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ ဒေါင်းရောင်၊ နီလာရောင်၊ သစ်ကြံပိုးရောင် နဲ့ အနက်ရောင် အရောင်တွေနဲ့ လာပါတယ်။ သူ့ကို $149.95 နဲ့ လက်လီရောင်းချမှာ ဖြစ်ပါတယ်။
ကြိုးရှည်ဒီဇိုင်းကိုတော့ နီလာရောင်၊ သစ်ကြံပိုးရောင် နဲ့ အနက်ရောင်တွေနဲ့ ရရှိနိုင်ပြီး $229.95 ကျသင့်မှာ ဖြစ်ပါတယ်။
iPhone Pocket ကို နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့ကစပြီး France, Greater China, Italy, Japan, Singapore, South Korea, UK နဲ့ U.S. တွေက ရွေးချယ်ထားတဲ့ Apple Stores တွေမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီ Apple Stores တွေမှာ ရရှိနိုင်ပါတယ်:
- Apple Canton Road, Hong Kong
- Apple Ginza, Tokyo
- Apple Jing’an, Shanghai
- Apple Marché Saint-Germain, Paris
- Apple Myeongdong, Seoul
- Apple Orchard Road, Singapore
- Apple Piazza Liberty, Milan
- Apple Regent Street, London
- Apple SoHo, New York City
- Apple Xinyi A13, Taipei
Ref : gsmarena
