[Unicode]

Bloomberg ရဲ့ သတင်းအရ တရုတ်မှာ iPhone ‌ေ ရာင်းအား ဒီဇင်ဘာလမှာ ၁၈.၇ ရာခိုင်နှုန်းတက်လာတယ်လို့ သိရပါတယ်။ အဲဒီ ဒေတာတွေကို China Academy of Information and Communication Technology (CAICT) ကနေ ရယူထားတာ ဖြစ်ပြီး Apple ဟာ iPhone အလုံးရေ ၃.၁၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ iPhone ရောင်းအားဟာ တရုတ်မှာ အရင်နှစ်ကထက် ၆ ရာခိုင်နှုန်းပဲ တိုးတက်ခဲ့တာပါ။


အမေရိကန်ပြီးနောက် တရုတ်ဟာ Apple ရဲ့ ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်ပြီး အဲဒီမှာ iPhone ရောင်းအား ကျဆင်းခဲ့ပေမယ့် Apple ဟာ တရုတ် အားလပ်ရက်ရာသီ မတိုင်ခင်မှာ ရောင်းအား တက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ iPhone 11 ကြောင့် ရောင်းအား ဒီလောက် ကောင်းလာတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်းမှာ စုစုပေါင်း စမတ်ဖုန်း ရောင်းအားဟာ တရုတ်မှာ ၃၈၉ သန်း ရှိခဲ့ပြီး ၁၃ သန်းဟာ 5G ဆက်သွယ်မှုပါကြပါတယ်။ 5G ပါတဲ့ ပထမဆုံး iPhone တွေကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။

Apple ဟာ ၁ နှစ်မှာ ၁ ကြိမ်ပဲ iPhone တွေကို ကြေညာလေ့ရှိပါတယ်။ မကြာခင်က ထွက်ခဲ့တဲ့ သတင်းအရ Apple ဟာ ဒီအစဥ္အလာကို ချိုးဖျက်တော့မှာ ဖြစ်ပြီး ၁ နှစ်မှာ ၂ ကြိမ် iPhone တွေကို မိတ်ဆက်တော့မယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာ ကြေညာမယ့် iPhone အားလုံးမှာ 5G ပါလာနိုင်ပါတယ်။

Rfe : gsmarena

[Zawgyi]

တ႐ုတ္မွာ ဒီဇင္ဘာလ iPhone ‌‌ေရာင္းအား ၁၈.၇ ရာခိုင္ႏႈန္းတက္လာ

Bloomberg ရဲ႕ သတင္းအရ တ႐ုတ္မွာ iPhone ‌ေရာင္းအား ဒီဇင္ဘာလမွာ ၁၈.၇ ရာခိုင္ႏႈန္းတက္လာတယ္လို႔ သိရပါတယ္။ အဲဒီ ေဒတာေတြကို China Academy of Information and Communication Technology (CAICT) ကေန ရယူထားတာ ျဖစ္ၿပီး Apple ဟာ iPhone အလုံးေရ ၃.၁၈ သန္း ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလအတြင္းမွာ iPhone ေရာင္းအားဟာ တ႐ုတ္မွာ အရင္ႏွစ္ကထက္ ၆ ရာခိုင္ႏႈန္းပဲ တိုးတက္ခဲ့တာပါ။


အေမရိကန္ၿပီးေနာက္ တ႐ုတ္ဟာ Apple ရဲ႕ ဒုတိယအႀကီးဆုံး ေဈးကြက္ ျဖစ္ၿပီး အဲဒီမွာ iPhone ေရာင္းအား က်ဆင္းခဲ့ေပမယ့္ Apple ဟာ တ႐ုတ္ အားလပ္ရက္ရာသီ မတိုင္ခင္မွာ ေရာင္းအား တက္ေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ iPhone 11 ေၾကာင့္ ေရာင္းအား ဒီေလာက္ ေကာင္းလာတာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္းမွာ စုစုေပါင္း စမတ္ဖုန္း ေရာင္းအားဟာ တ႐ုတ္မွာ ၃၈၉ သန္း ရွိခဲ့ၿပီး ၁၃ သန္းဟာ 5G ဆက္သြယ္မႈပါၾကပါတယ္။ 5G ပါတဲ့ ပထမဆုံး iPhone ေတြကို ဒီႏွစ္ေႏွာင္းပိုင္းမွာ ေၾကညာေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။

Apple ဟာ ၁ ႏွစ္မွာ ၁ ႀကိမ္ပဲ iPhone ေတြကို ေၾကညာေလ့ရွိပါတယ္။ မၾကာခင္က ထြက္ခဲ့တဲ့ သတင္းအရ Apple ဟာ ဒီအစဥ္အလာကို ခ်ိဳးဖ်က္ေတာ့မွာ ျဖစ္ၿပီး ၁ ႏွစ္မွာ ၂ ႀကိမ္ iPhone ေတြကို မိတ္ဆက္ေတာ့မယ္လို႔ သိရပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ေၾကညာမယ့္ iPhone အားလုံးမွာ 5G ပါလာႏိုင္ပါတယ္။

Rfe : gsmarena