200W Fast Wired Charging ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ထွက်ပေါ်လာပါပြီ။ အဲဒါကတော့ iQOO 10 Pro ဖြစ်ပြီး ဘက်ထရီ ၂ ခုကို တွဲထားတဲ့ ဒီဇိုင်းကို သုံးထားပါတယ်။ စုစုပေါင်း ဘက်ထရီ ပမာဏက 4,700mAh ဖြစ်ပြီး GaN Charger က ၁၀ မိနစ်အတွင်း ဖုန်းကို အားအပြည့်သွင်းပေးနိုင်ပါတယ်။

iQOO 10 Pro unveiled with 200W fast charging, iQOO 10 joins it with SD 8+ Gen 1 chip

65W နဲ့အားသွင်းပေးတဲ့ USB Power Delivery (PPS) ထောက်ပံ့ထားပြီး 50W Wireless Charging နဲ့ Reverse Charging လည်း ပါပါတယ်။

iQOO 10 Pro unveiled with 200W fast charging, iQOO 10 joins it with SD 8+ Gen 1 chip

Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး စွမ်းဆောင်ရည်က ၁၀ ရာခိုင်နှုန်း တိုးတက်လာကာ စွမ်းအင် စားသုံးမှု သက်သာလာပါတယ်။ 8/12GB LPDDR5 RAM နဲ့ 256/512GB UFS 3.1 Storage ထည့်သွင်းထားပြီး Android 12 အခြေပြု OriginOS မောင်းနှင်ထားပါတယ်။

iQOO 10 Pro unveiled with 200W fast charging, iQOO 10 joins it with SD 8+ Gen 1 chip

iQOO 10 Pro မှာ ၆.၇၈ လက်မ E5 AMOLED 1440x3200p မျက်နှာပြင် တပ်ဆင်ထားပြီး LTPO 3.0 Panel က 120Hz Variable Refresh Rate အထိ ထောက်ပံ့ပါတယ်။ Vivo V1+ Chip ထည့်သွင်းထားပြီး High Refresh Rate မျက်နှာပြင်ကို အကောင်းဆုံး အသုံးချနိုင်အောင် Frame Rate ကို တိုးမြှင့်ပေးပါတယ်။

အနောက်ဘက်မှာ 50MP GN5 ကင်မရာ တပ်ဆင်ထားပြီး Gimbal Stabilization ထောက်ပံ့ထားကာ 8K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် 3x Telephoto (OIS) ကင်မရာ ၁ လုံး၊ 50MP, 150 Degree Ultrawide Angle ကင်မရာ ၁ လုံးနဲ့ အားဖြည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

5G, WiFi 6, Bluetooth 5.3 , NFC ဆက်သွယ်မှုတွေ ထောက်ပံ့ထားပြီး USB-C Port တပ်ဆင်ထားပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး Haptic Feedback အတွက် X-axis Linear Motor တပ်ဆင်ထားပါတယ်။ ၀.၂ စက္ကန့်အတွင်း ဖုန်းကို Unlock လုပ်ပေးနိုင်တဲ့ အရွယ်ကြီး Ultrasonic Fingerprint Reader မြှပ်နှံထားပါတယ်။

iQOO 10 Pro ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၆ ရက်နေ့ရောင်းမှာပါ။ 8/256GB ကို ၅,၀၀၀ ယွမ်၊ 12/256GB ကို ၅,၅၀၀ ယွမ်နဲ့ 12/512GB Legendary Edition ကို ၆,၀၀၀ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၁၄ သိန်း ဝန်းကျင် ရှိပါတယ်။

ref : gsmarena