Vivo ရဲ့ Sub-brand iQOO ဟာ စွမ်းရည်မြင့် စမတ်ဖုန်း အသစ်ကို ကြေညာဖို့ ပြင်ဆင်နေပြီး Qualcomm Snapdragon 8 Gen 2 SoC အသစ်ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲက ၁ လုံးဖြစ်လာမှာပါ။ အဲဒီ SoC ကို အစောဆုံး အသုံးပြုထားတာက vivo X90 Pro+ ဖြစ်ပါတယ်။
အခုတော့ iQOO 11 Pro ကို Geekbench 5 နဲ့ စမ်းသပ်ထားတဲ့ သတင်းအချက်အလက်တွေ ထွက်လာပြီး Single Core မှာ ၁,၄၆၆ မှတ်နဲ့ Multi-core မှာ ၄,၆၈၆ မှတ်ရထားပါတယ်။
Benchmark အရ iQOO 11 Pro မှာ Snapdragon 8 Gen 2 Chipset နဲ့ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ 16GB RAM ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ Android 13 မောင်းနှင်ထားပြီး အိန္ဒိယအတွက် မော်ဒယ်နံပါတ်က I2212 ဖြစ်ပါတယ်။
အရင်ပေါက်ကြားသတင်းတွေအရ iQOO 11 Pro မှာ ၆.၇၈ လက်မ 120Hz Samsung E6 AMOLED ထိတွေ့မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး vivo X90 Pro+ နဲ့တူညီပါတယ်။ iQOO 11 Pro မှာ 200W Wired Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ တပ်ဆင်ထားမှာပါ။ iQOO 11 Series အတွက် BMW M Motorsport အခြေပြု ဒီဇိုင်းကို မကြာခင်က ပေါက်ကြားသတင်း ၁ ခုကနေ အတည်ပြုထားပါတယ်။
iQOO 11 Series ကို ဒီဇင်ဘာလ ၂ ရက်နေ့ ကြေညာမှာပါ။
ref : gsmarena