iQOO 3 ဆိုရင် 5G ကိုပဲ စိတ်ဝင်တစား မေးကြမြန်းကြပါတယ်။ ဒါပေမယ့် 5G အမျိုးအစားအပြင် iQOO 3 ကို 4G မျိုးကွဲလည်း ထုတ်ထားပါသေးတယ်။ ကုမ္ပဏီဟာ Device ကို လက်တွေ့ကိုင်တွယ်အသုံးပြုရတဲ့ အတွေ့အကြုံဝေမျှပေးဖို့အတွက် ပြီးခဲ့တဲ့ရက်တုန်းက စာနယ်ဇင်းသမားအချို့ကို ဖိတ်ခေါ်ပြီး “immersion event” ပြုလုပ်ခဲ့ပါတယ်။

အချို့စာနယ်ဇင်းသမားတွေကလည်း Review လုပ်ဖို့ ယူလာတဲ့ ဟန်းဆက်ရဲ့ ဓါတ်ပုံကို ဆိုရှယ်မီဒီယာတွေမှာ ပြန်လည်ဖော်ပြပြီး မျှဝေကြပါသေးတယ်။ ဒါကြောင့် iQOO 3 4G အမျိုးအစားနဲ့ပတ်သက်တဲ့ အချက်အလက်အချို့လည်း ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် iQOO India ရဲ့ ဒါရိုက်တာ Gagan Arora က တွစ်တာပေါ်မှာ သတင်းအချက်အလက်အချို့ကို မျှဝေခဲ့ပါသေးတယ်။

iQOO 3 4G အမျိုးအစားဟာ Snapdragon 865 Processor ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါဟာ အတော်လေးကို အံ့အားသင့်စရာလို့ ဆိုရပါလိမ့်မယ်။ Snapdragon 865 ဆိုရင် Snapdragon X55 5G နဲ့တွဲလျက်သား မြင်နေမိတာကြောင့်လို့ ဆိုရမှာပါ။ ဒါကြောင့် iQOO 3 4G အမျိုးအစားက SD865 နဲ့ဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ 5G support ဟာ ဒီ iQOO 3 4G device မှာ Deactivated ဖြစ်သွားတာပါ။ Modem ကတော့ 4G နဲ့ 3G အပါအဝင် ကွန်ရက်မျိုးစုံကို ထောက်ပံ့နိုင်တာကြောင့် အရာအားလုံးအဆင်ပြေနေပါတယ်။ နောက်ထပ် မေးခွန်းတစ်ခုကတော့ ဝယ်ယူသူတွေအနေနဲ့ Snapdragon 865 ချင်းအတူတူကို 5G အမျိုးအစားဝယ်မှာလား၊ 4G အမျိုးအစားဝယ်မှာလား ဆိုတာပါပဲ။

Ref: Gizmochina