ပြီးခဲ့တဲ့ ၁ ပတ်လောက်က နောက်ထွက်မယ့် iQOO 7 Gaming ဖုန်းမှာ 120W Fast Charging ပါမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ တရုတ်က Tipster Digital Chat Station က အဲဒီ စမတ်ဖုန်းမှာ 120Hz မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး FHD+ Resolution ထောက်ပံ့ထားမယ်လို့ သတင်းပေးလာပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး အရင်သတင်းလိုပဲ 120W Fast Charging ပါလာမယ်လို့ သိရပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 888 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ဇန်နဝါရီလလယ်မှာ ရောင်းချနိုင်ပါတယ်။

Digital Chat Station Weibo post

ဒီ ၁ ပတ်အစောပိုင်းက iQOO 7 ကို e-Sports Gamers တွေရဲ့ လက်ထဲမှာ တွေ့ခဲ့ကြရပါတယ်။ iQOO ရဲ့ တရားဝင် ဝီဘို ဝက်ဘ်စာမျက်နှာမှာ BMW နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ဒီဇိုင်းကို ဖော်ပြထားပြီး BMW ရဲ့ အပြာနဲ့အနီရောင်တွေ ပါတဲ့ iQOO 5 Pro လို ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ အရွယ်ကြီး ကင်မရာ အကွက် ပါလာပြီး Vivo X50 Pro ဒီဇိုင်းနဲ့ ဆင်တူပါတယ်။

iQOO 7 Series မှာ Vivo OriginOS ကို အခြေပြုထားတဲ့ iQOO UI Version အသစ် ထည့်သွင်းထားနိုင်ပါတယ်။ အရင်မျိုးဆက်တွေကို တရုတ်မှာပဲ ရောင်းပေးထားတဲ့အတွက် iQOO 7 Series ကို နိုင်ငံတကာမှာ ရောင်းမလား ဆိုတာ မသိရသေးပါဘူး။

ref : gsmarena