Snapdragon 8+ Gen 1 Chipset ပါတဲ့ iQOO 9T ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး အချိန်နဲ့တပြေးညီ Night Vision ကို ထောက်ပံ့ပေးတဲ့ Vivo V1+ Display Chip လည်း ထည့်သွင်းထားပါတယ်။

iQOO 9T arrives with Snapdragon 8+ Gen 1 and V1+ chip

၆.၇၈ လက်မ E5 AMOLED မျက်နှာပြင် အပါအဝင် iQOO 9T မှာ iQOO 9 Pro ရဲ့ လုပ်ဆောင်ချက်များစွာ ပါလာပြီး 120Hz Refresh Rate နဲ့ 360Hz Touch Sampling Rate တွေ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်မှာ Supersonic Fingerprint Scanner မြှပ်နှံထားပါတယ်။

iQOO 9T arrives with Snapdragon 8+ Gen 1 and V1+ chip

အနောက်ဘက်က လေးထောင့်အကွက်ထဲမှာ 50MP Main Samsung GN5 Sensor (OIS), 13MP Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ 3,930 sq. mm. Area ကို ဖြန့်ကျက်ထားတဲ့ Vapor Chamber Liquid Cooling System ပါလာပြီး ဖုန်း အလွန်အကျွံ သုံးရင်တောင် အပူစုပ်ယူမှုအားကောင်းပါတယ်။

iQOO 9T arrives with Snapdragon 8+ Gen 1 and V1+ chip

ဖုန်းရဲ့ အထက်နဲ့ အောက်မှာ Dual X-Axis Linear Motor ( ဖုန်းကို အလျားလိုက်ကိုင်ထားရင် ဘယ်နဲ့ညာ) ထည့်သွင်းထားပြီး Haptic ကောင်းသလို ဂိမ်းကစားရင် မိုက်ပါတယ်။ စတီရီယို စပီကာ ၂ လုံးလည်း တပ်ဆင်ထားပါတယ်။

Vivo X80 Pro မှာ မိတ်ဆက်ခဲ့တဲ့ Vivo V1+ Chip ကို iQOO ဖုန်းမှာ ပထမဆုံး အနေနဲ့ ထည့်သွင်းထားပါတယ်။ Chip က Noise Reduction ပိုကောင်းအောင် စွမ်းဆောင်ပေးနိုင်ပြီး တီဗီတွေမှာ Soap Opera Effect လို့ ခေါ်တဲ့ Motion Estimation Motion Compensation နည်းပညာ ပါပါတယ်။ Night Mode နဲ့ ရိုက်နေစဉ်မှာ ဓါတ်ပုံတွေရဲ့ Preview ကို ကြည့်ဖို့လည်း သုံးနိုင်ပါတယ်။

iQOO 9T မှာ 120W Wired နဲ့ 50W Wireless Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ပါလာပြီး ၈ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်းနဲ့ မိနစ် ၂၀ အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

BMW M Motorsport မျဉ်းကြောင်းတွေပါတဲ့ Legend နဲ့ အနောက်ဘက်က အနက်ရောင်ဗြောင်ပါတဲ့ Alpha ဆိုပြီး ၂ ရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၄၉,၉၉၉ ရူပီးနဲ့ 12/256GB ကို ၅၄,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁,၁၈၀,၀၀၀ နဲ့ ၁,၃၀၀,၀၀၀ ဝန်းကျင်ကျသင့်ပါတယ်။ အိန္ဒိယက iQOO အွန်လိုင်း စတိုးမှာ ရောင်းပေးနေပြီး Amazon မှာ ဒီလ ၄ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena