iQOO ဟာ ဒီလ နှောင်းပိုင်း တရုတ်မှာ iQOO Neo 7 ကို ကြေညာဖို့  ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားနေပြီး မကြာခင်က ဘက်ထရီနဲ့ အားသွင်းနှုန်းတွေကို သိခဲ့ရပါတယ်။

iQOO Neo7 with the top-end Dimensity 9000 Plus SoC is tipped to launch soon - NotebookCheck.net News

အခုနောက်ဆုံး ထွက်လာတဲ့ သတင်းအရ iQOO Neo 7 မှာ 5,000mAh ဘက်ထရီနဲ့ 120W Fast Charging ပါလာမယ်လို့ သိရပါတယ်။ အဲဒီ အားသွင်းနှုန်းကိုပဲ 3C မှာ အတည်ပြုထားတဲ့အတွက် အံ့အားသင့်စရာ မကောင်းပါဘူး။

iQOO Neo 7

Neo 7 ရဲ့ 120W Charging ဟာ Neo 6 ရဲ့ 80W Charging ထက် အများကြီး တိုးတက်လာပါတယ်။ Neo 6 လိုပဲ Neo 7 မှာ ကြိုးမဲ့အားသွင်း စနစ် မပါလာနိုင်ပါဘူး။

မကြာခင်က ပေါက်ကြားသတင်းအရ Neo 7 မှာ MediaTek Dimensity 9000+ SoC မောင်းနှင်ထားမှာ ဖြစ်ပြီး ၆.၇၈ လက်မ Full HD+ AMOLED မျက်နှာပြင် ပါလာမှာပါ။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 50MP Main Sony IMX766V ဆန်ဆာလို့ သတင်းထွက်နေပါတယ်။ အဲဒီ ဆန်ဆာကို iQOO 8 Pro မှာ ထည့်သွင်းထားပါတယ်။ ကျန်တဲ့ အနောက်ကင်မရာ ၂ လုံးက 13MP Ultra-wide Angle နဲ့ 12MP Portrait Telephoto တို့ ဖြစ်ကြမှာပါ။

iQOO က Neo 7 ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးဘဲ လာမယ့် ရက်ပိုင်းအတွင်း ကုမ္ပဏီက အဲဒီဖုန်းရဲ့ သတင်းတွေကို ကြေညာလာနိုင်ပါတယ်။

ref : gizmochina