iQOO စမတ်ဖုန်း အသစ် ၁ လုံး ထွက်ပေါ်လာပြီ ဖြစ်ပြီး iQOO Neo6 လို့ နာမည်ပေးထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset ဖြစ်တဲ့ Snapdragon 8 Gen 1 ထည့်သွင်းထားပြီး 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 80W Charging ကြောင့် အားသွင်းနှုန်း အရမ်း မြန်ပြီး 4,700mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

iQOO Neo6 announced with SD 8 Gen 1 and 80W charging

iQOO Neo6 မှာ ၆.၆၂ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution ထောက်ပံ့ထားပါတယ်။ 120Hz Refresh Rate နဲ့ 1,200Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းသလို ဂိမ်းကစားရင် အရမ်း မိုက်ပါတယ်။ မျက်နှာပြင် အထက် အလယ်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 64MP Main (OIS), 12MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာပါတယ်။ Android 12 အခြေပြု OriginOS အုပ်ထားပြီး 80W Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ပါပါတယ်။ ၁၉ မိနစ်အတွင်း ၂၀ ကနေ ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Finally iQOO Neo6 tipped with SD 8 Gen 1 and 80W charging | TheTechXP

iQOO Neo6 အတွက် လိမ္မော်၊ အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၂,၇၉၉ ယွမ် ၊ 8/256GB ကို ၂,၉၉၉ ယွမ်နဲ့ 12/256GB ကို ၃,၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၈ သိန်း ဝန်းကျင် ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ ဒီလ ၂၀ ရက်နေ့ ရောင်းမှာပါ။ နိုင်ငံတကာမှာ ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

ref : gsmarena