iQOO Neo6 SE ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားပြီးနောက် တရုတ်မှာ တရားဝင်ကြေညာလိုက်ပါပြီ။ iQOO Neo6 SE မှာ Snapdragon 870 SoC မောင်းနှင်ထားပြီး ပြီးခဲ့တဲ့ လက ရောင်းချခဲ့တဲ့ iQOO Neo6 နဲ့ အဓိကကွာခြားချက် ဖြစ်ပါတယ်။

iQOO Neo6 SE becomes official with Snapdragon 870 chipset

iQOO Neo6 SE 8GB RAM + 128GB Storage ကို ၁,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၅၅၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ 8GB RAM + 256GB ‌Storage မော်ဒယ်ကို ၂,၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆၃၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ စွမ်းရည် အမြင့်ဆုံး 12GB RAM + 256GB Storage မော်ဒယ်ကို ၂,၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆၉၀,၀၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။

iQOO Neo6 SE becomes official with Snapdragon 870 chipset

iQOO Neo6 SE မှာ ၆.၆၂ လက်မ 1080x2400p AMOLED မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate နဲ့ 1,300 nits Brightness ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 64MP Main (OIS) , 12MP Ultrawide , 2MP Portrait ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး 80W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ပါပါတယ်။

Android 12 အခြေပြု OriginOS Ocean မောင်းနှင်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ Blue , Orange နဲ့ Gradient Blue အရောင် ထုတ်လုပ်ထားပြီး တရုတ် ပြင်ပမှာ ရောင်းချမယ့်သတင်းကို မသိရသေးပါဘူး။

Ref : gsmarena