iQOO Neo 6 ရဲ့ သတင်းတွေ ထွက်နေတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဖြစ်ပြီး အခုတော့ ကြေညာမယ့်နေ့ကို သိလာရပါပြီ။ ဧပြီလ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ကြေညာတော့မှာဖြစ်ပြီး နိုင်ငံတကာမှာ ကြေညာမယ့် နေ့ကို မသိရသေးပါဘူး။
iQOO ဟာ Neo 6 ကို နောက်မျိုးဆက် စွမ်းဆောင်ရည်မြင့် Gaming စမတ်ဖုန်း အဖြစ် ညွှန်းဆိုထားပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ Specifications တွေကို ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဒါပေမယ့်လည်း Geekbench က စာရင်းအရ iQOO Neo 6 မှာ Qualcomm Snapdragon 8 Gen 1 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM ပါလာမယ်လို့ ဖော်ပြထားပါတယ်။
iQOO Neo 6 မှာ Android 12 OS မောင်းနှင်ထားမှာ ဖြစ်ပြီး OriginOS အုပ်ထားနိုင်ပါတယ်။ ပေါက်ကြားနေတဲ့ သတင်းတွေအရ iQOO Neo 6 မှာ ၆.၆၂ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး Full HD+ Resolution ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အမျိုးအစားက AMOLED ဖြစ်ပြီး 120Hz Refresh Rate ဖြစ်တဲ့အတွက် ဂိမ်း ကစားရင် အရမ်း ကောင်းမွန်မှာ ဖြစ်ပါတယ်။ 80W Wired Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
ဧပြီလ ၁၃ ရက်နေ့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ iQOO Neo 6 ရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မယ်လို့ ထင်ပါတယ်။
Ref : gsmarena