iQOO အမှတ်တံဆိပ်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် အားသွင်းနည်းပညာ 120W Fast Charging ကို သရုပ်ပြခဲ့ပြီး ထူးဆန်းတာက တစ်နေ့တည်းမှာပဲ ထွက်ပေါ်လာတဲ့ Oppo ရဲ့ 125W Flash Charge ထက် ပိုမြန်တဲ့ စွမ်းဆောင်မှုကို ပြသနိုင်ခဲ့တာပါ။

အမှတ်တံဆိပ်နှစ်ခုလုံးဟာ တူညီတဲ့ 4,000 mAh ဘက္ထရီကို အသုံးပြု ပြသခဲ့ကြပေမယ့် Oppo 125W အားသွင်းစနစ်ဟာ အားအပြည့်ဖြည့်နိုင်ဖို့ မိနစ် ၂၀ ကြာချိန်မှာ iQOO 120W အတွက်တော့ ၁၅ မိနစ်သာ အချိန်ယူခဲ့တာ တွေ့ရပါတယ်။

iQOO ဟာ အားသွင်းစနစ်ကို ဖွဲ့စည်းရာမှာ အနည်းငယ် ကွဲပြားတဲ့ တည်ဆောက်ပုံ အသုံးပြုခဲ့ပြီး Charger က 20V 6A အားနဲ့ထုတ်ပေးကာ 5V 12A Current နှစ်ခုကို Charge Pump နှစ်ခုအဖြစ် ပြောင်းလဲကာ အားဝင်စေတာ ဖြစ်ပါတယ်။ Oppo ကတော့ 10V 12.5A သုံးခုခွဲထားတဲ့ Adapter ကနေ 20V 6.25A အဖြစ် ပြောင်းလဲပေးဖို့ Charge Pump သုံးခု ခွဲပြီး အားဖြည့်စေပါတယ်။

iQOO ကုမ္ပဏီကတော့ 120W အားသွင်းစနစ်နဲ့ ပထမဆုံး စမတ်ဖုန်းကို ဩဂုတ်လအတွင်းမှာတင် မိတ်ဆက်လာမယ်လို့ ဆိုပါတယ်။ မကြာခင် ထွက်လာမယ့် iQOO 3 Pro လည်း ဖြစ်နိုင်ပေမယ့် ၎င်းကို 3C ပေါ်မှာ 55W အားသွင်းစနစ်နဲ့သာ တွေ့ခဲ့ရပါတယ်။ Oppo ကလည်း 125W အားသွင်းစနစ်ကို စက်ရုံတင် ထုတ်လုပ်မှု စတင်နေပြီလို့ ဆိုတာကြောင့် သိပ်မကြာခင် စျေးကွက်ထဲ တွေ့လာရနိုင်ပါသေးတယ်။

Leak သတင်းတစ်ခုမှာတော့ 120W အားသွင်းစနစ် ပါလာမယ့် စမတ်ဖုန်းလို့ ယူဆရတဲ့ ပုံရိပ်တစ်ခုကို တင်လာခဲ့ပါတယ်။

Ref – GSMArena