စမတ်ဖုန်းဈေးကွက်ဟာ ပြိုင်ဆိုင်မှုတွေ မြင့်သထက် မြင့်လာနေတဲ့အတွက် ကုမ္ပဏီတွေဟာ ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ပိုမြင့်တဲ့ Specs တွေ ထည့်သွင်းလာကြပါတယ်။ ဒီနေ့ခေတ်မှာ 5G နဲ့ မြင့်မားတဲ့ Refresh Rate တွေ ဖုန်းတော်တော်များများမှာ ပါလာကြပါပြီ။ စွမ်းဆောင်ရည်သင့် ဖုန်းတွေမှာတောင် ဒီလို လုပ်ဆောင်ချက်‌တွေ ထည့်ထားကြပြီး အခုတော့ နောက်ထွက်မယ့် iQOO Z1x မှာ 120Hz မျက်နှာပြင် ပါမယ်လို့ သတင်းထွက်လာပါတယ်။

အဲဒီသတင်းကို တရုတ် လူမှုကွန်ရက် ဝီဘို သုံးစွဲသူ ၁ ယောက်က မျှဝေလိုက်တာ ဖြစ်ပြီး သူက 120Hz မျက်နှာပြင်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို မေးမြန်းတဲ့ Poll ၁ ခုကိုတောင် ပြုလုပ်ခဲ့ပါသေးတယ်။ မြင့်မားတဲ့ Refresh Rate ဟာ မျက်နှာပြင် တုန့်ပြန်မှု မြန်တဲ့အတွက် ဖုန်း သုံးရင်၊ ဂိမ်းကစားရင် အရမ်းမိုက်ပေမယ့် ဘက်ထရီ စားတာ များပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ iQOO Z1x မှာ 5G ထောက်ပံ့တဲ့ Qualcomm Snapdragon 765G SoC မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ မကြာခင်ကပဲ အဲဒီ ဖုန်းကို တရုတ်ရဲ့ 3C မှာ မှတ်ပုံတင်ထားပြီး 33W Fast Charging ပါမယ်ဆိုတာ သိခဲ့ရပါတယ်။ လက်ရှိမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုပြီး သိလာရတော့မှာပါ။

Ref : gizmochina