iQOO ဟာ ပြီးခဲ့တဲ့ လတုန်းက အိန္ဒိယဈေးကွက်မှာ iQOO Z6 5G ကို မိတ်ဆက်ခဲ့ပါတယ်။ Z6 5G ရဲ့ Pro မော်ဒယ်ကိုလည်း လာမဲ့ ၂၇ ရက်နေ့မှာ အာရှဈေးကွက်တွေထဲ မိတ်ဆက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

iQOO Z6 Pro 5G ဟာ အိန္ဒိယဈေးကွက်အတွင်း 25K segment မှာ အမြန်ဆုံးစမတ်ဖုန်း ဖြစ်လာမယ်လို့လည်း GSMArena က အမွှမ်းတင် ရေးသားဖော်ပြထားပါတယ်။ ဒီဖုန်းဟာ Snapdragon 778 SoC နဲ့ 66W အမြန်အားသွင်းစနစ်ကိုလည်း သယ်ဆောင်လာမယ်လို့ သိရပါတယ်။

တရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းအလိုမှာတော့ iQOO ဟာ Amazon.in ကတစ်ဆင့် Z6 Pro 5G ရဲ့ နောက်ထပ် အသေးစိတ်အချက်အလက်အချို့ကို ဖော်ပြလာပါတယ်။ ဒီဖော်ပြချက်အရ iQOO Z6 Pro 5G ဟာ 90Hz refresh rate, 180Hz touch sampling rate, 1,300 nits peak brightness နဲ့ HDR10+ certification ပါရှိတဲ့ 6.4-inch FullHD+ AMOLED မျက်နှာပြင်နဲ့ဖြစ်ကြောင်း သိရပါတယ်။

ဒီစမတ်ဖုန်းမှာ CPU အပူချိန်ကို 12°C အထိလျှော့ချမဲ့ VC Liquid Cooling system လည်း ပါဝင်မယ်လို့ ကြော်ငြာထားပါတယ်။ Liquid cooling area က 32,923 mm2 ရှိပြီး Vapor chamber area က 2,100 mm2 ရှိတာလည်း ဖြစ်ပါတယ်။

Z6 Pro 5G မှာ 6GB/8GB/12GB RAM သုံးမျိုးရွေးချယ်နိုင်တဲ့အပြင် မော်ဒယ်သုံးမျိုးစလုံးမှာလည်း Extended RAM လုပ်ဆောင်ချက် ပါဝင်မယ်လို့ သိရပါတယ်။ 6GB RAM ဗားရှင်းမှာ 2GB တိုးချဲ့နိုင်ပြီး 8GB နဲ့ 12GB ဗားရှင်းတွေမှာတော့ 4GB အထိ တိုးချဲ့နိုင်မယ်လို့ သိရပါတယ်။ ကျောဘက်မှာ 64MP အဓိကင်မရာတပ်ဆင်ထားပြီး ultrawide, macro စတဲ့ အရန်ယူနစ်တွေနဲ့ ဝန်းရံထားမှာလည်း ဖြစ်ပါတယ်။

Ref: GSM Arena