realme ဟာ ပြီးခဲ့တဲ့လက 9i ကို ကြေညာခဲ့ပြီး အခုတော့ ဒီလ ၁၆ ရက်နေ့မှာ 9 Series ရဲ့ Pro မော်ဒယ်တွေကို မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ realme 9 Pro Series ကို အိန္ဒိယနဲ့ ဥရောပ အပါအဝင် တစ်ကမ္ဘာလုံးမှာ ရောင်းမှာဖြစ်ပြီး မိတ်ဆက်ပွဲကို realme ရဲ့ တရားဝင် Facebook Page နဲ့ YouTube Channel ကနေ တိုက်ရိုက်ပြသမှာပါ။

It's official: Realme 9 Pro series with color-changing design is coming on February 16

realme က 9 Pro Series လို့ ပြောတဲ့အတွက် စမတ်ဖုန်း ၁ လုံးထက်ပိုကာ ကြေညာနိုင်ပါတယ်။ ကုမ္ပဏီက realme 9 Pro+ ရဲ့ ဒီဇိုင်းနဲ့ Specs တချို့ကို အတည်ပြုထားပြီး Dimensity 920 5G SoC, AMOLED Screen , မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ, နှလုံးခုန်နှုန်း တိုင်းတာတဲ့ လုပ်ဆောင်ချက်နဲ့ 50MP Sony IMX766 အပါအဝင် အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားမှာပါ။

It's official: Realme 9 Pro series is coming on February 16 - GSMArena.com  news

realme ဟာ 9 Pro+ အတွက် Green နဲ့ Sunrise Blue အရောင် ၂ ရောင်ကို အတည်ပြုထားပြီး ဒုတိယအရောင်မှာ အနောက်ဘက် ကာဗာကို နေရောင်ထိရင် အပြာနုကနေ အနီရောင် ပြောင်းလဲပေးတဲ့ Light Shift ဒီဇိုင်း  ပါပါတယ်။ realme 9 Pro+ ဟာ အနောက်ဘက် အရောင်ပြောင်း ကာဗာပါတဲ့ ပထမဆုံး စမတ်ဖုန်း မဟုတ်ဘဲ မကြာခင်က ထွက်ခဲ့တဲ့ Vivo V23 Pro မှာ အဲဒီ လုပ်ဆောင်ချက် ထည့်ထားပါတယ်။

ဒီလ ၁၆ ရက်နေ့မှာ realme  မိတ်ဆက်မယ့် နောက်ထပ် စမတ်ဖုန်း ၁ လုံးက realme 9 Pro ဖြစ်ပြီး အဲဒီ ဖုန်းမှာလည်း Light Shift ဒီဇိုင်း ပါလာနိုင်ပါတယ်။ realme က 9 Pro ရဲ့ Specs တွေကို အရိပ်အမြွက်တောင် မပြောထားသေးပါဘူး။

Ref : gsmarena