Samsung က နောက်လာမယ့် Unpacked Event ကျင်းပမယ့်နေ့ကို တရားဝင် ကြေညာလိုက်ပါတယ်။ Samsung က အဲဒီပွဲကို ပဲရစ်မှာ ဇူလိုင်လ ၁၀ ရက်နေ့ ကျင်းပမှာ ဖြစ်ပြီး ထုတ်ကုန် အသစ်များစွာကို ကြေညာမှာ ဖြစ်ပါတယ်။

18 things to know before buying a Samsung foldable phone - Fast Company

Samsung က Unpacked Event ကို ဇူလိုင်လ ၁၀ ရက်နေ့မှာ ကျင်းပမယ် ဆိုတဲ့ သတင်း ထွက်နေတာ ကြာပါပြီ။ အခုတော့ Samsung က ထုတ်ကုန် မိတ်ဆက်ပွဲ ကျင်းပမယ့်နေ့ကို တရားဝင်အသိပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ပွဲကို တွေ့မြင်ရဖို့ ၂ ပတ်ပဲ လိုပါတော့တယ်။ အဲဒီပွဲဟာ ထုတ်ကုန် အများဆုံး ကြေညာတဲ့ Samsung ရဲ့ ပွဲ ဖြစ်လာမှာပါ။

Six Reasons You Should Use a Foldable Smartphone – Samsung Newsroom Malaysia

Samsung က အဲဒီပွဲမှာ  Galaxy Z Fold6, Galaxy Z Flip6, Galaxy Watch7, Galaxy Watch Ultra, Galaxy Tab S10 series, Galaxy Buds 3 နဲ့ Galaxy Ring ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Samsung Galaxy Z Fold6 နဲ့ Galaxy Z Flip6 ဟာ ဒီနှစ်အတွက် Samsung ရဲ့ စွမ်းရည်မြင့် Foldable စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ အဲဒီ စမတ်ဖုန်းတွေရဲ့သတင်းအချက်အလက်တွေကို တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena