Xiaomi ဥက္ကဌ Lu Weibing က Mix Fold 3 ကို ဩဂုတ်လ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဝီဘိုက Xiaomi ရဲ့ စက်ရုံ အဆင့်မြှင့်မယ့် သူ့ရဲ့ ပို့စ်အောက်က မေးခွန်းကို ဖြေကြားရင်း သူက ဒီသတင်းကို ပြောကြားလိုက်တာပါ။
Xiaomi ရဲ့ Smart Factory ကို တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပြီး အမြောက်အများထုတ်လုပ်မယ့် ပထမဆုံး ဖုန်းက Mix Fold 3 ဖြစ်မှာ သေချာပါတယ်။ Mix Fold 3 ကို ပိုမိုပါးလွှာအောင်နဲ့ မာကျောအောင် ထုတ်လုပ်တဲ့ စနစ်တွေကို အများကြီး အဆင့်မြှင့်ထားမှာပါ။ အဲဒီဖုန်းမှာ Leica ရဲ့ ကင်မရာတွေ တပ်ဆင်ထားမှာပါ။
Mix Fold 2 ကို အရင်နှစ် ဩဂုတ်လက ကြေညာခဲ့တဲ့အတွက် Mix Fold 3 ကိုလည်း အဲဒီ အချိန်လောက်မှာ မိတ်ဆက်မှာက ဖြစ်နိုင်ပါတယ်။ Mix Fold 2 ဟာ ခေါက်ချိုးထားရင် အထူက ၁၁.၂ မီလီမီတာပဲ ရှိပါတယ်။ Mix Fold 3 ဟာ Mix Fold 2 ထက် ပိုမိုပါးလွှာမယ်ဆိုတာက တော်တော် အံ့အားသင့်စရာကောင်းပါတယ်။
Mix Fold 3 ကို အရင်မျိုးဆက်လိုပဲ တရုတ်မှာပဲ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ပေါက်ကြားသတင်းတွေအရ Mix Fold 3 မှာ ပင်မ Folding မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 5x Periscope Zoom Lens ပါလာမှာပါ။ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 50W Wireless Charging ထောက်ပံ့ထားမှာပါ။
Ref : gsmarena