Xiaomi က Windows Ultrabook အသစ် ၁ လုံးကို ကြေညာဖို့ စီစဉ်နေတယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။ အခုတော့ တရုတ် အွန်လိုင်း စတိုး JD.com က Xiaomi Book Air 13 ရဲ့ အဓိက Specs တွေကို စာရင်းတင်ထားပါတယ်။

လက်ပ်တော့မှာ ၁၃.၃ လက်မ OLED 2880x1800p ထိတွေ့မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 16:10 Aspect Ratio ရှိပါတယ်။ 60Hz Refresh Rate ထောက်ပံ့ထားပြီး ကင်မရာ ၁ လုံး ပါလာမှာပါ။ 12 Gen Intel U-Series Core-i5 or Core-i7 CPU မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 512GB Storage ထည့်သွင်းထားမှာပါ။

စိတ်ဝင်စားစရာ အကောင်းဆုံးက လက်ပ်တော့ရဲ့ အရွယ်အစားဖြစ်ပြီး အထူက ၁၂ မီလီမီတာနဲ့ အလေးချိန်က ၁.၂ ကီလိုဂရမ်ပဲ ရှိပါတယ်။ အရွယ်ကြီး ကီးဘုတ် ပါလာမယ်လို့ ဖော်ပြထားပေမယ့် Backlit လားဆိုတာ မသိရသေးပါဘူး။ WiFi 6E နဲ့ Bluetooth 5.2 ဆက်သွယ်မှု ထည့်သွင်းထားမှာ ဖြစ်ပြီး Thunderbolt Port ၂ ခု ပါလာမှာပါ။

Xiaomi Book Air 13 listed on JD.com ahead of unveiling

ညာဘက်ခြမ်းမှာ လက်ဗွေရာ ဆန်ဆာ တပ်ဆင်ထားမှာ ဖြစ်ပြီး ဘက်ထရီက 58.3Wh ဖြစ်ကာ 65W Type-C Power Adapter ပါလာမှာပါ။ Xiaomi Book Air 13 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို ဒီလ ၂၇ ရက်နေ့မှာ တရားဝင် သိရမှာပါ။

Ref : gsmarena