ကမ္ဘာကျော် ပေါ့ စတား Katy Perry ဟာ Blue Origin ရဲ့ Shepard ဒုံးပျံနဲ့ အာကာသကို အလည်သွားမှာ ဖြစ်ပါတယ်။ ထူးခြားတာက အဲဒီ ခရီးစဉ်မှာ အမျိုးသမီးတွေပဲ လိုက်ပါမှာ ဖြစ်ပါတယ်။

Katy Perry is heading to space on an all-women Blue Origin flight -  National | Globalnews.ca

Katy Perry နဲ့အတူ Blue Origin ပိုင်ရှင် Jeff Bezos နဲ့ စေ့စပ်ထားသူ Lauren Sanchez, CBS ရုပ်သံတင်ဆက်သူ Gayle King, ယခင် နာဆာ ဒုံးပျံ သိပ္ပံပညာရှင် Aisha Bowe , လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Amanda Nguyen နဲ့ ရုပ်ရှင်ထုတ်လုပ်သူ Kerianne Flynn တို့ လိုက်ပါကြမှာ ဖြစ်ပါတယ်။

Katy Perry to join historic all-women Blue Origin spaceflight: 'Reaching  for the stars' | Trending News - The Indian Express

Blue Origin က ဆိုဗီယက် ရဲ့ ၁၉၆၃ ခုနှစ် Valentina Tereshkova ပြီးနောက် ဒါဟာ အမျိုးသမီးတွေပဲ လိုက်ပါတဲ့ ပထမဆုံး အာကာသ ခရီးစဉ်လို့ ပြောပါတယ်။

ခရီးစဉ် စတင်မယ့်နေ့ကို မသိရသေးပေမယ့် Blue Origin က နွေဦးရာသီမှာ ဖြစ်မယ်လို့ ပြောပါတယ်။

Katy Perry ဟာ ဧပြီလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ Lifetimes Tour ကို ဖျော်ဖြေမှာ ဖြစ်တဲ့အတွက် အာကာသ ခရီးစဉ်ဟာ အဲဒီမတိုင်ခင် ဖြစ်နိုင်ပါတယ်။

အခု အာကာသ ခရီးစဉ်ဟာ New Shepard ဒုံးပျံနဲ့ ပို့ဆောင်တဲ့ ၁၁ ကြိမ်မြောက် အာကာသ အလည်အပတ် ခရီးစဉ် ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ကနေ လူပေါင်း ၅၂ ယောက်ကို အာကာသ ကို ပို့ဆောင်ပေးထားပါတယ်။

Ref : bbc