Apple ဟာ Twain Semiconductor Manufacturing Company ကနေပြုလုပ်တဲ့ သူ့ရဲ့ Chips တွေကို ရရှိခဲ့ပါတယ်။ ကောလာဟလအရ A16 Bionic ဖြစ်ပြီး 5nm process နဲ့ Chip ဟာ iPhone 14 Pro နဲ့ 14 Pro Max တို့မှာ အသုံးပြုမယ်လို့ ယုံကြည်ရပါတယ်။

TSMC ရဲ့ Supplier တစ်ခုက ဈေးနှုန်းမြှင့်တင်ဖို့ စီစဉ်နေပြီး ဒါဟာ Apple ဆီကိုလည်း သက်ရောက်လာမှာ ဖြစ်ပါတယ်။ ဂျပန်ဓာတုပစ္စည်းကုမ္ပဏီ Showa Denko K.K. ဟာ ကမ္ဘာ့ကပ်ရောဂါကြောင့် ထောက်ပံ့မှုပြဿနာတွေ၊ ယူကရိန်းစစ်ပွဲကြောင့် စွမ်းအင်ကုန်ကျစရိတ်မြှင့်တက်လာမှုတွေ၊ ယန်းငွေတန်ဖိုး ကျဆင်းမှုတွေ စတဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာကြောင့် မရှိမဖြစ် Chip ထုတ်လုပ်ရေးပစ္စည်းတွေရဲ့ ဈေးနှုန်းကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဒီလိုမျိုးဈေးနှုန်းမြှင့်တင်မှုကို Samsung ရဲ့ Chip ထုတ်လုပ်ရေးနဲ့ TSMC တို့ဟာ အလားတူဆောင်ရွက်မှုတွေကို ပြုလုပ်ခဲ့ကြဖူးပါတယ်။ Toyo Securities က လေ့လာသူ Hideki Yasuda က အီလက်ထရွန်းနစ်ပစ္စည်းတွေလိုမျိုး တာရှည်ခံပစ္စည်းတွေဟာ ဈေးနှုန်းတွေမြင့်တက်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အစောပိုင်း Bloomberg အစီရင်ခံစာအရ စက်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဓါတ်ငွေ့နဲ့ Wafers အပါအဝင် မျက်နှာစာအားလုံးမှာ Chips ထုတ်လုပ်သူတွေအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ၂၀% ကနေ ၃၀% အထိ မြင့်တက်လာခဲ့ပါတယ်။ ရလဒ်အနေနဲ့ Chip တွေရဲ့ ဈေးနှုန်းဟာ ၂၀% အထိ မြင့်တက်လာနိုင်ပါတယ်။

TSMC ဟာ ပြီးခဲ့တဲ့နှစ်က ၂၀% တိုးပြီးတဲ့နောက်၊ ဒီနှစ်မှာ ၈% အထိ ဈေးနှုန်းမြှင့်တင်ဖို့ စီစဉ်နေတယ်လို့ ကြားရပါတယ်။ Apple က ဒီကုန်ကျစရိတ်တိုးလာခြင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီကပဲ မခံနိုင်ဘဲ သုံးစွဲသူတွေက မျှဝေကျခံဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ သတင်းတစ်ခုအရ 6.1-inch iPhone 14 Pro နဲ့ 6.7-inch Pro Max တွေဟာ ယခင်ထွက်ရှိထားတာတွေထက် ဈေးပိုကြီးမယ်လို့ သိရပါတယ်။

Ref: Phone Arena