OnePlus ဟာ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ Nord CE 3 Lite စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ဖို့ စီစဥ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Nord CE 3 Lite ဖုန်းဟာ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Nord CE 2 Lite ထက် အဆင့်မြှင့်တင်မှုတွေ အများအပြားပါဝင်လာမှာဖြစ်ပါတယ်။

အခုလည်း OnePlus Nord CE 3 Lite ဖုန်းနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်အသေးစိတ်က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ပါဝင်လာမယ့် Processor ၊ Camera နဲ့ Display ပိုင်းအကုန်လုံးကို သိရှိနိုင်ပါပြီ။​

OnePlus Nord CE 3 Lite ဖုန်ဟာ Qualcomm Snapdragon 695 Chipset ကိုပဲ ဆက်လက်အသုံးပြုထားမှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ကိုမှ နောက်ထပ် Virtual RAM 8GB ထပ်မံထည့်သွင်းနိုင်မှာဖြစ်ပြီး 128GB Stroage ပါဝင်မှာပါ။

Camera ပိုင်းမှာ 108MP Main Camera ကို အသုံးပြုထားပြီး 3x Zoom အထိ Native Support ပေးနိုင်မယ်လို့ သိရပါတယ်။ Triple Camera Setup ကို ထည့်သွင်းထားမှာဖြစ်ပေမယ့် ကျန်တဲ့ Sensor ၂ မျိုးက ဘာဖြစ်မလဲဆိုတာ အတိအကျမသိရသေးပါဘူး။

Display အနေနဲ့ 6.72″ Full HD+ 120Hz Display ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Battery ပိုင်းမှာလည်း 5000mAh Battery ကိုမှ 67W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာပါ။ အရောင်အနေနဲ့ကတော့ Pastel Lime နဲ့ Chromatic Gray ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းပိုင်းမှာ OnePlus Nord CE 3 Lite ဖုန်းဟာ ဘယ်စျေးနဲ့ ရောင်းချသွားမလဲဆိုတာကို အသေးစိတ်မသိရသေးပေမယ့် Nord CE 2 Lite ဖုန်းလိုမျိုးပဲ ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ မိတ်ဆက်နိုင်ခြေများနေပါတယ်။

Ref – GSM Arena