အခုအချိန်မှာ US အစိုးရကနေ Huawei အပေါ်ကို ဆက်တိုက်ပိတ်ပင်မှုတွေပြုလုပ်နေပြီးတော့ မကြာသေးခင်တုန်းကလည်း Huawei အတွက် Chip တွေကို ထောက်ပံ့ပေးနေတဲ့ TSMC ကိုပါ Huawei နဲ့ အဆက်အသွယ်ဖြတ်ဖို့ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် TSMC ဆီက Chip တွေကို မရရှိတော့တဲ့အချိန်မှာ Huawei အနေနဲ့ Kirin Chipset တွေထုတ်လုပ်ဖို့တောင် ခက်ခဲသွားနိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း လက်ရှိသိရတဲ့သတင်းတွေအရတော့ Huawei ကနေ လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ့် Huawei Mate 40 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Kirin 1020 Chipset ထုတ်လုပ်မှုကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် TSMC ကနေ အဆက်အသွယ်ဖြတ်တောက်လိုက်ပေမယ့်လည်း လာမယ့်အနာဂတ်အတွက် အမှာစာတွေကိုပဲ ထိရောက်မှာဖြစ်ပြီး လက်ရှိ Huawei ကနေ မှာယူထားတဲ့ Chip တွေကိုတော့ ဆက်လက်ရရှိနေဦးမှာဖြစ်ပါတယ်။ Huawei အနေနဲ့ TSMC ဆီက 5nm နဲ့ 7nm Chip တွေကို မှာယူထားပေမယ့် 7nm ရဲ့ အမှာစာတွေက လက်ရှိအချိန်မှာ ပြည့်သွားပြီဖြစ်တဲ့အတွက် Huawei အနေနဲ့ လာမယ့် စက်တင်ဘာလမှာ ပိတ်ဆို့မှုမစတင်ခင် TSMC ဆီက Chip မှာယူမှုတွေ ပြုလုပ်ဖို့လိုအပ်နေပါပြီ။

Huawei Mate 40 Series တွေမှာ အသုံးပြုလာမယ့် Kirin 1020 Chipset ဟာ 5nm Architecture ကို အခြေခံတဲ့ Chipset ဖြစ်လာမှာဖြစ်ပြီး လက်ရှိ Huawei Kirin 990 5G Chipset ထက် ၅၀ ရာခိုင်နှုန်းစွမ်းဆောင်ရည်ပိုကောင်းလာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Ref – GSM Arena