iPhone 15 Series ကို ပြီးခဲ့တဲ့ သောကြာနေ့က ပထမအသုတ် နိုင်ငံတွေမှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီး အခုတော့ ရောင်းအားနဲ့ ပတ်သက်ကာ ခန့်မှန်းတွက်ချက်မှုတွေ ထွက်လာပါတယ်။

Kuo: iPhone 15 Pro Max demand is outpacing last year’s 14 Pro Max

Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က iPhone 15 Series ထဲမှာ iPhone 15 Pro Max ကို လူတွေ စိတ်ဝင်အစားဆုံး ဖြစ်ပြီး အရင်နှစ်ထုတ် iPhone 14 Pro Max ထက် ဝယ်လိုအား ပိုကောင်းမယ်လို့ သုံးသပ်ပါတယ်။

iPhone 15 နဲ့ 15 Plus ရဲ့ ဝယ်လိုအားက အရင်နှစ်ထုတ် iPhone 14, 14 Plus နဲ့ တူညီနိုင်ပါတယ်။ Kuo က ဒီနှစ် iPhone 15 Pro Max ရဲ့ အဆင့်မြှင့်ထားတဲ့ ကင်မရာတွေကို လူတွေ ပိုမိုစိတ်ဝင်စားတဲ့အတွက် iPhone 15 Pro ရဲ့ ဝယ်လိုအားဟာ နည်းပါးသွားနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

Kuo: iPhone 15 Pro Max demand is outpacing last year's 14 Pro Max -  GSMArena.com news

iPhone 15 Pro Max ဟာ ဝယ်လိုအား များတဲ့အပြင် ထုတ်လုပ်မှုအပိုင်းမှာ စိန်ခေါ်မှုတွေ ရှိတာနဲ့ ပြောင်းလဲလိုက်တဲ့ ထုတ်လုပ်မှု အချိန်ကြောင့် iPhone 15 Pro Max ကို ဝယ်ယူဖို့ စောင့်ဆိုင်းရချိန်ဟာ အရင်နှစ်ထုတ် iPhone 14 Pro Max ထက်ပိုမိုကြာမြင့်နိုင်ပါတယ်။

နောက်ဆုံး အနေနဲ့ Kuo က iPhone 15 Series ရဲ့ ရောင်းအားဟာ ဒီနှစ်ကုန်မှာ စုစုပေါင်း အလုံးရေ သန်း ၈၀ ရှိနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ref : gsmarena