Apple အရေး လေ့လာဆန်းစစ်သူ Ming-Chu Kuo က iPhone 15 Pro Max ဟာ 15 Series ရောင်းအားရဲ့ ၃၅ ကနေ ၄၀ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက 15 Pro Max ဟာ 14 Pro Max ထက် ရောင်းအား ၁၀ ကနေ ၂၀ ရာခိုင်နှုန်းပိုများမယ်လို့ တွက်ချက်ထားပါတယ်။

Kuo: iPhone 15 Pro Max will be most popular due to exclusive periscope camera

သူက iPhone 15 Pro Max မှာ Periscope Zoom ကင်မရာ ပါတဲ့အတွက် ရောင်းအားကောင်းမှာလို့ ပြောပါတယ်။

iPhone 15 Pro Max အတွက် Periscope ကင်မရာကို ထုတ်လုပ်ပေးတာက Largan ဖြစ်ပါတယ်။ Largan ဟာ Huawei အတွက် Periscope Lenses ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာပါ။ Huawei ဟာ တရုတ် ဖုန်း ကုမ္ပဏီတွေထဲမှာ Periscope ကင်မရာကို အများဆုံး သုံးထားပြီး ဒီနှစ်ထဲမှာ Periscope ကင်မရာ ပါတဲ့ ဖုန်း ၁၅ ကနေ သန်း ၂၀ အထိ ရောင်းချထားကာ နောက်နှစ်မှာ သန်း ၃၀ အထိ ရောင်းချနိုင်ပါတယ်။

Periscope Lens ဟာ စွမ်းရည်မြင့် 7P Lens ထက် ၃ ဆ ကနေ ၄ ဆ ပိုဈေးကြီးတဲ့အတွက် Largan အတွက် ဝင်ငွေကောင်းတဲ့စီးပွားရေး ဖြစ်ပါတယ်။

Kuo: iPhone 15 Pro Max will be most popular due to exclusive periscope camera

တခြား သတင်းအရ iPhone 15 Series (Non-Pro မော်ဒယ်များ)အတွက် Green အရောင်ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ iPhone 15 Series အတွက် အရောင်နဲ့လိုက်ဖက်တဲ့ USB-C Port တွေရဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာပြီး Green, Blue, White နဲ့ Black တို့ကို မြင်ရပါတယ်။

Ref : gsmarena