Xiaomi ကနေ Mi Series စမတ်ဖုန်းတွေအပြင် Gadget တွေကိုပါ ထုတ်လုပ်နေသလိုမျိုးပဲ Redmi ကလည်း အခုနောက်ပိုင်းမှာ Redmi TV ၊ Redmi Display နဲ့တခြားသော Redmi Gadget တွေကိုပါ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ အခုအချိန်မှာလည်း Redmi နာမည်နဲ့ ပထမဆုံး Smartwatch ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းက Xiaomi ကနေ Redmi Band နာမည်နဲ့ Fitness Tracker တစ်ခုကို မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ Redmi Band ဟာ တချို့သောစျေးကွက်တွေမှာ Mi Band 4C နာမည်နဲ့လည်း ရောင်းချခဲ့ပေမယ့် အခု Redmi Smartwatch ကတော့ လုံးဝ Product အသစ်ဖြစ်လာမယ်လို့ ယူဆရပါတယ်။

အဆိုပါသတင်းကို Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေဖော်ပြခဲ့တာဖြစ်ပြီး Redmi Series ဖြစ်တဲ့အတွက် လက်ရှိရောင်းချနေတဲ့ Mi Smartwatch ထက် စျေးပိုပြီးသက်သာလာမယ်လို့ ယူဆရပါတယ်။ အဆိုပါ Redmi Smartwatch ဟာ Model Number အနေနဲ့ HMSH01GE ဆိုပြီး ခေါ်ဆိုသွားမှာဖြစ်ပြီး အခုအချိန်မှာ ထုတ်လုပ်ပြီးတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Redmi Smartwatch နဲ့ သက်ဆိုင်တဲ့ Specification တွေနဲ့ Design ဓါတ်ပုံတွေကတော့ ထွက်ရှိထားခြင်းမရှိသေးပါဘူး။ ဖြစ်နိုင်တာကတော့ Redmi ကနေ လာမယ့်သြဂုတ်လအတွင်းမှာ MediaTek Dimensity 1000+ Chipset နဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားဖို့ရှိနေတဲ့အတွက် အဲ့ဒီအချိန်မှ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China