Nokia က နောက်ထွက်မယ့် G50 5G အကြောင်း ဘာမှ မပြောသေးပေမယ့် Specs တချို့နဲ့ ဓါတ်ပုံတွေ မိတ်ဆက်ပွဲ မတိုင်ခင် ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း WinFuture က Nokia G50 5G ရဲ့ Specs တချို့ကို မျှဝေလိုက်ပါတယ်။ Nokia G50 5G ဟာ စွမ်းရည်နိမ့် တန်ဖိုးနည်း 5G စမတ်ဖုန်း လိုချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။

The Nokia G50 will reportedly be bundled with a TWS headset in some markets

WinFuture က Nokia G50 5G မှာ 5G ထောက်ပံ့တဲ့ Snapdragon 480 Chipset ပါလာမှာ ဖြစ်ပြီး Qualcomm ရဲ့ ပထမဆုံး စွမ်းရည်နိမ့် 5G Chipset ဖြစ်ပါတယ်။ အဲဒီ Chipset ကိုပဲ Nokia X10 နဲ့ X20 ဖုန်းတွေမှာ ထည့်သွင်းထားတာပါ။

The Nokia G50 will be available in Blue and Midnight Sun (gold)The Nokia G50 will be available in Blue and Midnight Sun (gold)The Nokia G50 will be available in Blue and Midnight Sun (gold)

Nokia G50 5G မှာ ၆.၃၈ လက်မ 720p LCD မျက်နှာပြင် တပ်ဆင်ထားမယ့်အတွက် ၆.၅၂ လက်မ ရှိတဲ့ Nokia G10 နဲ့ G20 ထက် အရွယ်အစား နည်းနည်း ပိုသေးသွားမှာပါ။ High Refresh Rate အကြောင်း မသိရသေးပေမယ့် လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားတာတွေ့ရပါတယ်။

Nokia G50 5G မှာ 4,850mAh ဘက်ထရီ ပါလာနိုင်ပြီး HD မျက်နှာပြင်နဲ့ 8nm Chipset အတွက် လုံလောက်တာထက်တောင် ပိုနေပါတယ်။ ရှင်းရှင်း ပြောရရင် ဘက်ထရီ သက်တမ်း အရမ်း ကောင်းမှာပါ။ Fast Charging တော့ မပါလာနိုင်ဘဲ 10W လောက်ပဲ G Series တွေမှာ ပါနေကျဖြစ်ပါတယ်။

Nokia G50 5G မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 48MP Main ကင်မရာ ပါမယ်လို့ သတင်းထွက်နေပါတယ်။ နောက်ကင်မရာ ၂ လုံး အကြောင်းကို မသိရသေးပေမယ့် G20 မှာ 5MP Ultrawide ၊ Macro နဲ့ Depth ကင်မရာတွေ တပ်ဆင်ထားတာပါ။

Ref : gsmarena