Samsung ဟာ Galaxy S22 Series စမတ်ဖုန်းတွေနဲ့အတူ Galaxy Tab S8 တက်ဘလက်တွေကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ တက်ဘလက် ၃ လုံးထဲမှာ Ultra မော်ဒယ်က စွမ်းရည် အမြင့်ဆုံး ဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့လ အနည်းငယ်က ပေါက်ကြားခဲ့တဲ့ Tab S8 ရဲ့ Specs တွေမှာ မြင်နိုင်ပါတယ်။

The Samsung Galaxy Tab S8 Ultra will have a 14.6'' OLED display with 3K resolution, writes Ice Universe

အဲဒီ Specs တွေအရ Samsung Galaxy Tab S8 Ultra (SM-X906B) မှာ ၁၄.၆ လက်မ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို Ice Universe က မျှဝေလိုက်တာ ဖြစ်ပြီး မျက်နှာပြင် Resolution ဟာ 2960×1848 px ရှိမှာဖြစ်ကာ Aspect Ratio က 16:10 ဖြစ်မယ်လို့ သူက ပြောပါတယ်။

Leak: the Samsung Galaxy Tab S8 Ultra will have a 14.6" OLED display with 3K resolution - GSMArena.com news

ဒါ့အပြင် အဲဒီ တက်ဘလက်မှာ 11,500mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သူက ပြောပြီး အရင်က ထွက်ခဲ့တဲ့ တခြား သတင်း ၁ ခုနဲ့ တူညီနေပါတယ်။ အားသွင်းနှုန်းက 45W ဖြစ်ပြီး Tab S8 Ultra နဲ့ Galaxy S22 Ultra တို့ရဲ့ Charger တွေဟာ တူညီနိုင်ပါတယ်။ (S22 Ultra မှာ 10V/4.5A Charger ပါလာမယ်လို့သတင်းထွက်နေပါတယ်။)

Ice Universe ရဲ့ အရင်ပေါက်ကြားသတင်းတွေအရ Galaxy Tab S8 တက်ဘလက်တွေမှာ Exynos 2200 အစား Snapdragon 898 Chip မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Galaxy Tab S8 မှာ ၁၁ လက်မ LCD နဲ့ S8+ မှာ ၁၂.၄ လက်မ OLED မျက်နှာပြင်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး မော်ဒယ်အားလုံးမှာ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ မော်ဒယ်အားလုံးမှာ 45W Charging ပါလာနိုင်တဲ့အတွက် အဓိက ကွာခြားချက်က မျက်နှာပြင် ၊ ဘက်ထရီနဲ့ ဈေးနှုန်း ဖြစ်နိုင်ပါတယ်။

Ref : gsmarena