မကြာခင်က iPhone 15 Pro ရဲ့ CAD ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို လေ့လာလို့ရခဲ့ပါတယ်။ အခုတော့ နောက်ထပ် ဓါတ်ပုံ ၁ ပုံ ပေါက်ကြားလာပြီး USB-C Port နဲ့ တိုက်တေနီယမ် ဒီဇိုင်း အသစ်ကို မြင်ရပါတယ်။

iPhone 15 Pro USB C

ဥရောပရဲ့ ဥပဒေ အသစ်အရ Apple ဟာ နောက်ထုတ်မယ့် စမတ်ဖုန်းတွေမှာ Lightning Port အစား USB-C ကို ပြောင်းလဲ အသုံးပြုရတော့မှာပါ။ iPhone 15 Series ဟာ USB-C Port ပါတဲ့ ပထမဆုံး iPhone တွေ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အခု ထွက်ပေါ်လာတဲ့ ဓါတ်ပုံကြောင့် ဒီသတင်းဟာ ပိုမိုခိုင်မာလာပါတယ်။

Exclusive: This is iPhone 15 Pro: Thinner bezels, thicker 'curve' design, no Lightning port, more - 9to5Mac

အဲဒီ ဓါတ်ပုံကို တွစ်တာမှာ Unknownz21 က မျှဝေထားတာ ဖြစ်ပြီး ဖုန်း အောက်ခြေကို အဓိက ပြသထားပါတယ်။ အောက်ခြေမှာ USB-C Port ၊ မူလီ ၂ လုံးနဲ့ စပီကာ အပေါက်တွေ တပ်ဆင်ထားပြီး နေရာချထားပုံက iPhone 14 Pro နဲ့ တူညီပါတယ်။

အဲဒီ ဓါတ်ပုံအရ iPhone 15 Pro မှာ USB-C Port ပါလာတာကို ပြသထားတဲ့အပြင် တိုက်တေနီယမ် ဒီဇိုင်း အသစ်ကို မြင်ရပါတယ်။ Apple ဟာ iPhone 15 Pro မှာ Stainless Steel အစား တိုက်တေနီယမ်ကို ပြောင်းလဲ အသုံးပြုထားမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် iPhone 15 Pro မှာ  လက်ရှိ တောက်ပြောင်တဲ့ Stainless-steel အစား Apple Watch Ultra မှာလို တူညီတဲ့ Matte ဒီဇိုင်း ပါလာမှာပါ။

Ref : gizmochina