Google ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Pixel 6 Series ဖုန်းတွေကို Design ပြောင်းလဲပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ Pixel 6 Series ဖုန်းတွေဟာ Design ပိုင်းအရ အသစ်ပြောင်းလဲခဲ့သလို Processor ပိုင်းမှာလည်း ကိုယ်ပိုင် Tensor Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ လာမယ့်နှစ်အတွင်းမှာ မိတ်ဆက်လာနိုင်ဖို့ရှိတဲ့ Pixel 6A စမတ်ဖုန်းရဲ့ Design Render ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ OnLeaks ကနေတစ်ဆင့် 91Mobiles ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Pixel 6A ဟာ Google ရဲ့ ရောင်းအားကောင်းတဲ့ Mid Range A Series ဖုန်းဖြစ်ပေမယ့်လည်း Design ပိုင်းမှာ လုံးဝကို Pixel 6 နဲ့ ဆင်တူနေတာကိုတွေ့ရပါတယ်။ နောက်ကျောဘက်မှာလည်း Dual Camera Setup ကို အသုံးပြုထားတာဖြစ်ပြီး Pixel 6 Series လိုမျိုးပဲ Camera Bar ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

အရှေ့ဘက် Display ကိုတော့ Selfie Camera ကို Punch-hole Design ပြုလုပ်ထားတာဖြစ်ပြီး Pixel 6 လိုမျိုးပဲ Flat Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ USB-C Port ပဲ ပါဝင်မှာဖြစ်ပြီး 3.5mm Audio Jack တေ့ာပါဝင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် Pixel 6A ဟာ Pixel A Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 3.5mm Audio Jack ပါဝင်ခြင်းမရှိတဲ့ ဖုန်းဖြစ်လာမှာပါ။

တစ်ခုထူးခြားချက်အနေနဲ့ကတော့ Fingerprint Sensor ဟာ ဖုန်းရဲ့ နောက်ကျောဘက်မှာပါဝင်ခြင်းမရှိတော့တာကြောင့် Pixel 6 Series ဖုန်းတွေလိုမျိုးပဲ Under Display Fingerprint Sensor ကိုပဲ အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ အရွယ်အစားအနေနဲ့ကတော့ 6.2″ OLED Display ကို ထည့်သွင်းထားတာကြောင့် လက်ရှိ Pixel 6 ဖုန်းထက် အနည်းငယ်သေးငယ်မှာဖြစ်ပါတယ်။

Google Pixel 6A ဖုန်းမှာ အသုံးပြုလာမယ့် Processor ကိုတော့ အတိအကျမသိရှိရသေးတာကြောင့် ကိုယ်ပိုင် Processor အသစ်သုံးလာမလား၊ Qualcomm Processor ကိုပဲ သုံးလာဦးမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် Google Pixel 6A ဖုန်းဟာ လာမယ့် ၂၀၂၂ ခုနှစ်အစောပိုင်းမှပဲ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – The Verge