[Unicode]

Lenovo အမှတ်တံဆိပ်ကို စမတ်ဖုန်းထက် အီလက်ထရောနစ် ကုမ္ပဏီလို့ပဲ လူသိများကြတာပါ။ တကယ်တမ်းမှာလည်း Lenovo က စမတ်ဖုန်းဈေးကွက်မှာ အောင်မြင်မှုကြီးကြီးမားမား မရှိပါဘူး။ ဒါပေမယ့် ကွန်ပျူတာဈေးကွက်မှာတော့ Lenovo အမှတ်တံဆိပ်က အတော်လေး အောင်မြင်တယ်လို့ ဆိုရမှာပါ။

Lenovo ဟာ တရုတ်ပြည်တွင်း PC ဈေးကွက်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ Lenovo ရဲ့ အမှုဆောင်ဒုတိယဥက္ကဌနဲ့ Lenovo China group ရဲ့ ဥက္ကဌတာဝန်ကိုယူထားတဲ့ Liu Jun က Lenovo ရဲ့ ဈေးကွက်ပိုင်ဆိုင်မှုအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ တရုတ်နိုင်ငံတွင်း Lenovo ရဲ့ PC ဈေးကွက်လည်ပတ်မှုကိုကြည့်မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ဝင်ငွေကြမ်းခဲ့တာကို တွေ့ရပါတယ်။ Lenovo အနေနဲ့ တရုတ်နိုင်ငံ PC ဈေးကွက်ကရတဲ့ ဝင်ငွေရဲ့ တစ်ဝက်လောက်ဟာ လူငယ်နဲ့ ကျောင်းသားတွေဆီက ဖြစ်နေခဲ့ပါတယ်။

Lenovo ဟာ ငယ်ရွယ်တဲ့မျိုးဆက်အတွက် အမြဲတမ်းလိုလို ဦးတည်ထားပြီး ထုတ်လုပ်လေ့ရှိတဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ မဟာဗျူဟာက ဆန်းသစ်တဲ့နည်းပညာ၊ တီထွင်မှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်စေခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

Ref: Gizmochina

[Zawgyi]

တ႐ုတ္ႏိုင္ငံရဲ႕ PC ေဈးကြက္ကို ၄၀ ရာခိုင္ႏႈန္းေက်ာ္ သိမ္းပိုက္ထားတဲ့ Lenovo

Lenovo အမွတ္တံဆိပ္ကို စမတ္ဖုန္းထက္ အီလက္ထေရာနစ္ ကုမၸဏီလို႔ပဲ လူသိမ်ားၾကတာပါ။ တကယ္တမ္းမွာလည္း Lenovo က စမတ္ဖုန္းေဈးကြက္မွာ ေအာင္ျမင္မႈႀကီးႀကီးမားမား မရွိပါဘူး။ ဒါေပမယ့္ ကြန္ပ်ဴတာေဈးကြက္မွာေတာ့ Lenovo အမွတ္တံဆိပ္က အေတာ္ေလး ေအာင္ျမင္တယ္လို႔ ဆိုရမွာပါ။

Lenovo ဟာ တ႐ုတ္ျပည္တြင္း PC ေဈးကြက္စုစုေပါင္းရဲ႕ ၄၀ ရာခိုင္ႏႈန္းေက်ာ္ကို ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။ Lenovo ရဲ႕ အမႈေဆာင္ဒုတိယဥကၠဌနဲ႔ Lenovo China group ရဲ႕ ဥကၠဌတာဝန္ကိုယူထားတဲ့ Liu Jun က Lenovo ရဲ႕ ေဈးကြက္ပိုင္ဆိုင္မႈအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဘ႑ာေရးႏွစ္မွာ တ႐ုတ္ႏိုင္ငံတြင္း Lenovo ရဲ႕ PC ေဈးကြက္လည္ပတ္မႈကိုၾကည့္မယ္ဆိုရင္ အေမရိကန္ေဒၚလာ ၁၀ ဘီလီယံအထိ ဝင္ေငြၾကမ္းခဲ့တာကို ေတြ႕ရပါတယ္။ Lenovo အေနနဲ႔ တ႐ုတ္ႏိုင္ငံ PC ေဈးကြက္ကရတဲ့ ဝင္ေငြရဲ႕ တစ္ဝက္ေလာက္ဟာ လူငယ္နဲ႔ ေက်ာင္းသားေတြဆီက ျဖစ္ေနခဲ့ပါတယ္။

Lenovo ဟာ ငယ္႐ြယ္တဲ့မ်ိဳးဆက္အတြက္ အၿမဲတမ္းလိုလို ဦးတည္ထားၿပီး ထုတ္လုပ္ေလ့ရွိတဲ့ ရလဒ္ပဲ ျဖစ္ပါတယ္။ ကုမၸဏီရဲ႕ မဟာဗ်ဴဟာက ဆန္းသစ္တဲ့နည္းပညာ၊ တီထြင္မႈေတြနဲ႔ေပါင္းစပ္လိုက္တဲ့အခါ ေဈးကြက္ေဝစု ၄၀ ရာခိုင္ႏႈန္းေက်ာ္ကို ပိုင္ဆိုင္ေစခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။

Ref: Gizmochina