Lenovo K12 ကို K12 Pro နဲ့အတူ တရုတ်မှာ ဒီလ အစောပိုင်းက ကြေညာခဲ့ပြီး တရုတ်ပြင်ပမှာ ရောင်းမယ့် သတင်းကို မသိခဲ့ရသေးပါဘူး။ အခုတော့ K12 ကို တရုတ်ပြင်ပမှာ ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေ ပါလာမှာပါ။

Lenovo K12 global version will be a rebranded Moto E7

တရုတ်က K12 ဟာ Moto E7 Plus ကို နာမည်ပြောင်းထားတာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် K12 ဟာ Moto E7 ကို နာမည်ပြောင်းရောင်းမှာလို့ သတင်းထွက်လာပါတယ်။ အခုတော့ နိုင်ငံတကာ K12 ရဲ့ ဓါတ်ပုံ ပေါက်ကြားထွက်ပေါ်လာပြီး Moto E7 နဲ့ တူညီနေပါတယ်။ Lenovo ဟာ Motorola ကို ပိုင်တဲ့အတွက် အခုလို ကြိုက်သလို လုပ်နိုင်တာပါ။ နိုင်ငံတကာ K12 ကို Lenovo Brand လူကြိုက်များတဲ့ နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Motorola Moto E7

နိုင်ငံတကာ K12 ဟာ Moto E7 နဲ့ တူမယ်ဆိုရင် K12 မှာ ၆.၅ လက်မ 720x1600p မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး Helio G25 Chipset မောင်းနှင်ထားမှာပါ။ အနောက်ဘက်မှာ 48MP Main , 2MP Macro ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

2GB RAM , 32GB Storage ပါလာမှာ ဖြစ်ပြီး 10W Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။ Android 10 မောင်းနှင်ထားမှာ ဖြစ်ပြီး နိုင်ငံတကာ K12 ရောင်းမယ့် အချိန်၊ ရောင်းမယ့် နိုင်ငံတွေကို မသိရသေးပါဘူး။

Ref : gsmarena