Lenovo က အမေရိကန်မှာ Tab K11 LTE ကို ၂၅၀ ဒေါ်လာနဲ့ ရောင်းချပေးလိုက်ပြီး Lenovo စတိုးကနေ ဝယ်ယူနိုင်ပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Lenovo Tab K11 LTE

Lenovo Tab K11 LTE ဟာ ဈေးနှုန်းချိုသာတဲ့ တက်ဘလက် ဖြစ်ပြီး 11” 1920x1200p Display တပ်ဆင်ထားပါတယ်။ 400 Nits Brightness ထောက်ပံ့ထားပြီး Lenovo Tab Pen Plus နဲ့ မှတ်စုရေးတာ၊ ပုံဆွဲတာ ပြုလုပ်နိုင်ပါတယ်။

Tab K11 LTE: Lenovo offers new tablet with 4G and pen input -  NotebookCheck.net News

MediaTek Helio G88 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး Dolby Atmos ထောက်ပံ့တဲ့ စပီကာ ၄ လုံး ပါပါတယ်။ Navigation အတွက် GPS, GLONASS နဲ့ Galileo ပါပါတယ်။ 15W Charging ထောက်ပံ့တဲ့ 7,040mAh Battery ထည့်သွင်းထားပါတယ်။

တခြားဆက်စပ် သတင်းအရ Lenovo ဟာ နိုင်ငံတကာမှာ Tab  Plus ကို မကြာခင်က ကြေညာလိုက်ပါတယ်။ အဲဒီ တက်ဘလက်မှာ ကြီးမားတဲ့ 2K Display နဲ့ မြင့်မားတဲ့ Refresh Rate ထည့်သွင်းထားပါတယ်။ MediaTek G99 Chip မောင်းနှင်ထာပြီး JBL စပီကာ ၈ လုံးတောင် ပါပါတယ်။

Ref : gizmochina