လက်ရှိကမ္ဘာတစ်ဝန်းလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ဟာ Apple အတွက်လည်း ယခုနှစ်စပိုင်းမှာ အကြီးအကျယ်ထိခိုက်ခဲ့ပြီးတော့ တရုတ်နိုင်ငံမှာဆိုရင် iPad လိုမျိုး Tablet ရောင်းအားက သိသိသာသာကို ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ iPad စျေးကွက်ကပြန်ပြီး ဦးမော့လာတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် BusinessKorea ရဲ့ ဖော်ပြချက်အရ Apple ဟာ LG Display ကို iPad တွေအတွက် LCD Display အမြောက်အများထပ်မံတိုးမြှင့်ထုတ်လုပ်ခိုင်းခဲ့တာကြောင့်ဖြစ်ပါတယ်။ အဆိုပါ ဖော်ပြချက်အရတော့ လက်ရှိအချိန်မှာ အိမ်မှာနေပြီး အလုပ်လုပ်ကိုင်တာနဲ့ သင်ယူမှုတွေများပြားလာတဲ့အတွက် iPad ဝယ်လိုအားကလည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Apple ဟာ LG Display ကို တတ်နိုင်သလောက်အမြန်ဆုံး iPad LCD Display တွေထုတ်လုပ်ခိုင်းနေတာဖြစ်ပြီး အခုအချိန်မှာ LG ကလည်း Production Capacity အပြည့်နဲ့ ယခုဇွန်လအတွင်းကစတင်ပြီးတော့ Display တွေထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရလည်း iPad ဝယ်လိုအားတွေဟာ အထူးသဖြင့် အာရှနိုင်ငံတွေမှာပိုပြီး မြင့်တက်လာတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ဟာ iPad Pro 2020 Tablet အသစ်နဲ့ TouchPad ပါဝင်လာတဲ့ Magic Keyboard လိုမျိုး Product အသစ်တွေမိတ်ဆက်ထားခဲ့သလို LG အနေနဲ့လည်း လက်ရှိအချိန်မှာ iPad LCD Display တွေအပြင် iPhone အသစ်တွေအတွက် OLED Display သန်း ၂၀ ခန့်နဲ့ Camera Module တွေကိုပါ ထုတ်လုပ်ပေးရဦးမှာပါ။

Ref – 9to5Mac