LG ဟာ ပြီးခဲ့တဲ့ လက K31 စမတ်ဖုန်းကို ကြေညာခဲ့ပြီး အခုတော့ K52 လို့နာမည်ပေးထားတဲ့ K Series အသစ် ၁မျိူးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ LG K52 ရဲ့ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။

နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Evan Blass က အဲဒီ ဓါတ်ပုံတွေကို ဖွလိုက်တာ ဖြစ်ပြီး LG K52 ရဲ့ ဒီဇိုင်းကို အသေးစိတ် လေ့လာလို့ရပါတယ်။ ခေတ်ပေါ် စမတ်ဖုန်းတွေလိုပဲ အနောက်ဘက်မှာ ကင်မရာ ၄ လုံးအထိ ထည့်သွင်းထားပြီး Punch Hole မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ဓါတ်ပုံတွေမှာ အပြာနဲ့ အဖြူရောင်တွေ မြင်ရပါတယ်။

LG K52 ရဲ့ Specifications တွေကို မသိရသေးပေမယ့် K52 လို့ထင်ရတဲ့ LG ရဲ့ စမတ်ဖုန်း ၁ လုံးကို မကြာခင်က GCF မှာ မှတ်ပုံတင်ခဲ့ပါတယ်။ မော်ဒယ်နံပါတ်က LM-K520EMW ဖြစ်ပြီး အဲဒီ စမတ်ဖုန်းကိုပဲ WiFi Alliance နဲ့ FCC မှာ မှတ်ပုံတင်ထားပါတယ်။

LG K52 ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို ပေါက်ကြားထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။ LG ဟာ စမတ်ဖုန်း နယ်ပယ်မှာ ရုန်းကန်နေရပြီး အရင်လို ပြန်အောင်မြင်အောင် ကြိုးစားနေပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ LG Velvet ရဲ့ ဒီဇိုင်းကို ထူးခြား ဆန်းသစ်အောင် ဖန်တီးထားတာ မြင်ရပါတယ်။ အဲဒီအတွက် LG ဟာ ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့ စမတ်ဖုန်းလောကမှာ ပြန်အောင်မြင်အောင် ကြိုးစားနေပုံရပါတယ်။

Ref : gsmarena