LG ဟာ ပြီးခဲ့တဲ့လက Mid-ranger အမျိုးအစားဖြစ်တဲ့ K52 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဟန်းဆက်ကို ဥရောပဈေးကွက်၊ လက်တင်အမေရိကား၊ အရှေ့အာရှနဲ့ အာရှဈေးကွက်တွေမှာလည်း ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဒီဈေးကွက်တွေအတွက် LG K52 အနေနဲ့ တွေ့မြင်ရခြင်း မရှိသေးပါဘူး။

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ သူတို့ရဲ့ Mid-ranger စမတ်ဖုန်းသစ်ကို LG Q52 ဆိုတဲ့နာမည်နဲ့ သတ်မှတ်ဈေးကွက်တွေဆီ ပို့ဆောင်မယ်လို့ သိရပါတယ်။ ပေါက်ကြားလာတဲ့ Hands-on ဓါတ်ပုံတစ်ခုအရ အရွယ်အစားတူညီတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက်မှာ ပုံစံတူ ကင်မရာအိမ်တည်ဆောက်မှု၊ LED ဖလက်ရှ်သုံးခုနဲ့ ကင်မရာတွေကို တွေ့မြင်ရပါတယ်။

LG Q52 ဟာ Helio P35 chipset နဲ့ဖြစ်ပြီး Memory က 4GB of RAM, 64GB storage တို့ပဲ ဖြစ်ပါတယ်။ 6.6-inch HD+ resolution LCD မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်အပေါ်ဘက် အလယ်တည့်တည့်မှာတော့ Punch-hole တစ်ခုနဲ့အတူ 13MP selfie ကင်မရာတစ်လုံးကိုလည်း တပ်ဆင်ထားပါသေးတယ်။

ပေါက်ကြားလာတဲ့သတင်းအရ ဒီဟန်းဆက်ရဲ့ ကျောဘက်မှာ 48MP အဓိကကင်မရာနဲ့အတူ၊ 5MP ultrawide, 2MP macro, 2MP depth sensors တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ 4,000mAh ဖြစ်ပေမယ့် အမြန်အားသွင်းစနစ်နဲ့ပတ်သက်တဲ့ စာသားတော့၊ တစ်ခုတစ်လေတောင် မြင်တွေ့ရခြင်းမရှိတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena