LG က ဒီဇိုင်း ဆန်းသစ်တဲ့ စမတ်ဖုန်း ၁ လုံးနဲ့ သုံးစွဲသူတွေကို ပြန်လည် စွဲဆောင်ဖို့ ကြိုးစားနေပုံရပါတယ်။ Rotating မျက်နှာပြင် အပို ပါတဲ့ LG Wing စမတ်ဖုန်းရဲ့ သတင်းတွေ ခပ်စိပ်စိပ် ထွက်နေပြီး  ၉၀ ဒီဂရီ လှည့်လိုက်ရင် T ပုံစံ ဖြစ်သွားပါတယ်။ အခုတော့ LG က အဲဒီ စမတ်ဖုန်းကို ဒီလ ၁၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

LG မျှဝေလိုက်တဲ့ ဗီဒီယိုမှာ အဲဒီ ဖုန်း ဒီဇိုင်းကို လေ့လာနိုင်ပြီး “Explorer Project” ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့  LG Wing ကို ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။ အဲဒီ စီမံကိန်းကနေ ဖုန်းများစွာ ထွက်လာနိုင်ပြီး ဒီဇိုင်းတွေက ထူးခြားဆန်းသစ်မယ်လို့ ထင်ပါတယ်။ Velvet လို ဖုန်းတွေကို LG ရဲ့ Universal Line ကနေ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး Consumer Lifestyle ကို အသားပေး ဖန်တီးထားမှာပါ။

LG က Qualcomm , Naver Search Engine နဲ့ Streaming Platforms တွေ ဖြစ်တဲ့ Tubi , Ficto တို့ အပါအဝင် ကုမ္ပဏီများစွာနဲ့ ပူးပေါင်းမယ်လို့ ပြောပါတယ်။ LG Wing ရဲ့ ပေါက်ကြားနေတဲ့ Specs တွေ အကြောင်း ပြောရရင် ၆.၈ လက်မ ပင်မ မျက်နှာပြင်နဲ့အတူ ၄ လက်မ အပို မျက်နှာပြင် ၁ ခု ထည့်သွင်းထားမှာပါ။ အပို မျက်နှာပြင်ရဲ့ Aspect Ratio က 1:1 ဖြစ်ပါတယ်။ Snapdragon 765G Chipset မောင်းနှင်ထားနိုင်ပြီး ပင်မ ကင်မရာက 64MP ဖြစ်နိုင်ပါတယ်။ ဒေါ်လာ ၁ ထောင်လောက်နဲ့ ရောင်းနိုင်ဖွယ်ရှိပြီး မြန်မာငွေ ၁၃ သိန်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena