LG V40 ThinQ အတွက် Software Update အသစ် ထွက်လာပြီး Build Number က PKQ1.190202.011 ဖြစ်ပါတယ်။ ဖိုင်အရွယ်အစားက 710MB ဖြစ်ပြီး Android 9 Pie အခြေပြုပဲ ရှိပါသေးတယ်။ Update မှာ ၂၀၂၀ ခုနှစ် မတ်လအတွက် Android Security Patch ပါလာပြီး Voice over WiFi (VoWiFi) Support ထည့်သွင်းထားပါတယ်။ Screen Recorder ပါလာတဲ့အတွက် Third-party App တွေ မလိုတော့ပါဘူး။

Update မှာ Digital Wellbeing ပါလာပြီး Wind Down နဲ့ Focus Mode ထည့်သွင်းထားပါတယ်။ Digital Wellbeing က ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ Update မှာ V40 ThinQ အတွက် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားပြီး Battery Graph မမြင်ရတဲ့ Bug ၁ ခုလည်း ပါလာပါတယ်။

လက်ရှိမှာ LG V40 ThinQ အတွက် Update ကို အိန္ဒိယမှာပဲ ဖြန့်ချိပေးနေပြီး ရက်ပိုင်းအနည်းငယ်အတွင်းမှာ တစ်နိုင်ငံလုံးမှာ ရရှိနိုင်ပါတယ်။ Battery Graph မမြင်ရတဲ့ Bug ကို နောက်ထုတ်မယ့် Update မှာ ပြင်ဆင်ပေးထားနိုင်ပါတယ်။

Ref: gsmarena