LG က သတင်းတွေထွက်နေတဲ့ V60 ThinQ 5G ကို ကြေညာလိုက်ပါတယ်။ ဆဌမမြောက် V Series ဖုန်း ဖြစ်ပြီး 5G, mmWave နဲ့ sub-6GHz ၂ ခုစလုံးကို ထောက်ပံ့တဲ့ Qualcomm X55 Modem ပါလာပါတယ်။ ၆.၈ လက်မ FHD+ OLED မျက်နှာပြင် ထည့်သွင်းထားပြီး 20.5:9 Aspect Ratio က မျက်နှာပြင် အရှည် ဒီဇိုင်းပါ။ အရွယ်သေး Notch မှာ 10MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

အနောက်ဘက်မှာ 64MP Main (OIS) ၊ 13MP Ultrawide ကင်မရာတွေနဲ့အတူ ToF Sensor ၁ လုံး တပ်ဆင်ထားပါတယ်။ Manual Mode မှာ HDR10+ ကိုထောက်ပံ့ပြီး 8K ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ Snapdragon 865 နဲ့ 8GB RAM / 128GB Storage တွေတွဲဖက်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ IP68 စံနှုန်းပါလာပြီး ရေစိုခံနိုင်သလို ဖုန်မဝင်အောင်ကာကွယ်ပေးပါတယ်။ MIL-STD 810G စံနှုန်းပါတဲ့အတွက် အကြမ်းခံပါတယ်။

Android 10 အခြေပြု LG UX 9.0 မောင်းနှင်ထားပြီး ဘယ်ဘက်ခြမ်းမှာ Google Assistant Button ၁ ခု တပ်ဆင်ထားပါတယ်။ Quick Charge 4+ နဲ့ Wireless Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ နဲ့ နောက်ဆုံးပေါ် WiFi 6 စံနှုန်း ထည့်သွင်းထားပါတယ်။

LG က Dual Screen Accessory ကို အဆင့်မြှင့်ထားပြီး ၆.၈ လက်မ FHD+ OLED မျက်နှာပြင် ပါလာပါတယ်။ 360 Freestop Hinge တပ်ဆင်ထားပြီး Laptop, Stand နဲ့ Tent Modes တွေ သုံးနိုင်ပါတယ်။ ၂.၁ လက်မမျက်နှာပြင်သေး ၁ ခုပါလာပြီး Notification တွေ ပြသပေးသလို Always-on Function ပါပါတယ်။ ဒုတိယ မျက်နှာပြင်ဟာ အခုဆိုရင် USB-C Port နဲ့ချိတ်ဆက်လာနိုင်ပါပြီ။ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး နွေဦးမှာ ရောင်းမှာ ဖြစ်ပါတယ်။ LG က ဈေးကို မပြောသေးပါဘူး။

Ref : gsmarena