လက်ရှိအချိန်မှာ Samsung နဲ့ Huawei လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက Foldable စမတ်ဖုန်းတွေကို အသီးသီးထုတ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း LG ကတော့ မတူညီတဲ့ Dual Screen စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်တော့မှာပါ။

အဆိုပါ စမတ်ဖုန်းကိုတော့ LG Wing လို့နာမည်ပေးထားပြီးတော့ Display ၂ ခုကိုမှ (T) တီပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။ ပုံမှန် စမတ်ဖုန်းတစ်လုံးအနေနဲ့လည်း လှည့်ပြီးတော့ အပေါ်ဘက် Display နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိတခြားသော စမတ်ဖုန်းတွေနဲ့ Foldable ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင်တော်တော်လေးကို ထူးခြားနေတာပါ။

အခုအချိန်မှာတော့ အဆိုပါ LG Wing စမတ်ဖုန်းကို Samsung Galaxy Note 20 ဖုန်းနဲ့ ဘေးချင်းယှဥ်ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ LG Wing ဟာ အရွယ်အစားပိုင်းမှာ Galaxy Note 20 နဲ့ ဆင်တူနေတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ နောက်ဖက်မှာလည်း Triple Camera Setup ကို အသုံးပြုထားသလို Camera Design ကလည်း Galaxy Note 20 နဲ့ ဆင်တူနေပါသေးတယ်။ အဆိုပါ LG Wing စမတ်ဖုန်းမှာ Multitasking ပိုင်းကို ဦးစားပေးထားတဲ့ Feature အသစ်တွေပါဝင်တဲ့ Exclusive UI ကို သုံးစွဲထားမယ်လို့ သိရပါတယ်။

Performance ပိုင်းမှာကတော့ Qualcomm Snapdragon 765G ကို အသုံးပြုထားပြီး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပေမယ့် စျေးနှုန်းအနေနဲ့ကတော့ ပေါက်ကြားလာခြင်းမရှိသေးပါဘူး။

Ref – GSM Arena