ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီရဲ့ အပိုင်း ၄ ပိုင်းပါတဲ့ မှတ်တမ်း ရုပ်ရှင်ကို Apple TV+ မှာ ပြသမှာ ဖြစ်ပါတယ်။

Lionel Messi docuseries coming to Apple TV+

အထူး Behing-the-scenes ပြကွက်များ ပါဝင်မှာ ဖြစ်ပြီး အမည်မပေးရသေးတဲ့ အဲဒီ မှတ်တမ်း ရုပ်ရှင်ကို ပဲရစ်၊ ကာတာနဲ့ အာဂျင်တီးနားမှာ ရိုက်ကူးထားပါတယ်။

Ballon d’Or Winner ၇ ကြိမ်ရထားတဲ့ ဘောလုံးဂုရုရဲ့ ဖီဖာ ကမ္ဘာ့ဖလား ၅ ကြိမ် ပါဝင်ယှဉ်ပြိုင်မှုများနဲ့ သမိုင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖီဖာ ကမ္ဘာ့ဖလား ကာတာ ၂၀၂၂ ဖိုင်နယ်မှာ အနိုင်ရရှိမှု မှတ်တမ်းများလည်း ပါပါတယ်။

မက်ဆီက အာဂျင်တီးနား ဘောလုံးအသင်းမှာ သူ့ ဘဝ ဖြတ်သန်းခဲ့ရတာတွေကို စကားပြောနဲ့ တင်ဆက်ပေးမှာပါ။

Apple TV+ Announces Documentary Series Featuring Lionel Messi's Journey to  Win 2022 FIFA World Cup, All You Need to Know

မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူတွေဟာ ဖီဖာ ကမ္ဘာ့ ဖလား ကာတာ ၂၀၂၂ ဘောလုံးပြိုင်ပွဲတစ်လျှောက် မက်ဆီကို မှတ်တမ်းတင် ရိုက်ကူးထားကြတာပါ။ ကာတာရဲ့ လေ့ကျင့်ရေးကွင်းတွေကနေ မီဒီယာတွေနဲ့ တွေ့ဆုံတာ၊ မက်ဆီရဲ့ ပုဂ္ဂလိက အခန်းထဲအထိ ဝင်ရောက် မှတ်တမ်းတင်ထားကြပါတယ်။

အာဂျင်တီးနားနဲ့ ကာတာ ကမ္ဘာ့ဖလားပွဲက မက်ဆီရဲ့ Fans တွေအကြောင်းလည်း ပါဝင်ပါတယ်။ မက်ဆီနဲ့ အင်တာဗျူးတွေ၊ အသင်းဖော်တွေ၊ နည်းပြတွေ၊ ပြိုင်ဖက်တွေနဲ့ စကားပြောထားတာတွေ ထည့်သွင်းထားပါတယ်။

အဲဒီမှတ်တမ်း ရုပ်ရှင်ကို Smuggler Entertainment က Apple အတွက် ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

Ref : deadline