ဒီလ ၅ ရက်နေ့မှာ OPPO Reno4 5G နဲ့ Reno4 Pro 5G ကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီဖုန်းတွေမှာ Fast Charging နဲ့ 5G ပါလာမှာပါ။ အခုတော့ အဲဒီဖုန်းတွေရဲ့ ဓါတ်ပုံတွေ တရုတ်က စတိုးဆိုင်တွေကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားတာ မြင်ရပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Curved Screen ထည့်သွင်းထားပြီး Reno4 Pro 5G မှာ 90Hz Refresh Rate နဲ့ Snapdragon 765G Chipset ပါလာမှာ ဖြစ်ပါတယ်။ အရှေ့ ကင်မရာ ၂ လုံးကို Punch Hole မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Reno4 5G မှာ အရှေ့ကင်မရာ ၁ လုံးထဲ ထည့်ထားပြီး Pro မှာလိုပဲ Snapdragon 765G Chipset မောင်းနှင်ထားမှာပါ။

Geekbench က စာရင်းအရ Pro Version မှာ 12GB RAM ပါလာမှာ ဖြစ်ပြီး TENAA က စာရင်းအရ 8GB RAM ထည့်ထားမှာပါ။ ရိုးရိုး မော်ဒယ်မှာလည်း 8GB RAM နဲ့ 12GB RAM တွေ ပါလာမှာပါ။ Pro မှာ 90Hz AMOLED မျက်နှာပြင် ၊ 48MP ကင်မရာ (OIS) ၊ 12MP နဲ့ 13MP Telephoto ကင်မရာတွေ ထည့်ထားမှာပါ။ Reno4 မှာ AMOLED မျက်နှာပြင် ထည့်ထားမှာ ဖြစ်ပေမယ့် 60Hz Refresh Rate ပဲပါလာမှာပါ။ 48MP ကင်မရာ ထည့်ထားမှာ ဖြစ်ပေမယ့် OIS မပါလာပါဘူး။ 13MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ အားဖြည့်ထားမှာ ဖြစ်ပြီး ဖုန်း ၂ လုံးစလုံးမှာ 65W Fast Charging ပါလာမှာပါ။

အရင်က ထွက်ခဲ့တဲ့ သတင်းနဲ့ ဓါတ်ပုံတွေအရ Reno4 နဲ့ Reno4 Pro တို့ဟာ အရောင်တွေ ကွဲပြားကြမှာ ဖြစ်ပြီး ရိုးရိုး မော်ဒယ်ဟာ အရောင်ပိုစုံလင်မှာဖြစ်ပါတယ်။

Ref : gsmarena