အခုနောက်ပိုင်းမှာ Qualcomm Snapdragon Processor တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်တဲ့အတွက် Flagship ဖုန်းတွေအပြင် တခြားသော High End ဖုန်းအများအပြားမှာ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Qualcomm ရဲ့ ပြိုင်ဘက်လို့ပြောနိုင်တဲ့ MediaTek ကုမ္ပဏီကလည်း စွမ်းဆောင်ရည်ပိုင်းမှာ ယခင်တုန်းကထက် သိသိသာသာပိုကောင်းတဲ့အထိ တိုးတက်လာပါတယ်။

အခုလည်း Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Weibo စာမျက်နှာမှာ MediaTek ကနေ အသစ်မိတ်ဆက်လာတော့မယ့် Chipset အသစ်အကြောင်းကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ Chipset ကတော့ MediaTek Dimensity 8100 Chipset ဖြစ်ပြီး လာမယ့် မတ်လအတွင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Redmi Series ဖုန်းမှာ ပထမဆုံးအနေနဲ့ အသုံးပြုလာမယ်လို့ သိရပါတယ်။

MediaTek Dimensity 8100 Chipset ဟာ Octa-core အမျိုးအစား Processor တစ်ခုဖြစ်ပြီး 2.85GHz Cortex-A78 Core ၄ လုံးနဲ့ 2.0GHz Cortex-A55 Core ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့ကတော့ G610 MC6 GPU သို့မဟုတ် G510 MC6 GPU ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ Dimensity 8100 Chipset ဟာ TSMC ရဲ့ 5nm Manufacturing စနစ်ကို အခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပြီး LPDDR5 RAM အပြင် UFS 2.1 Storage တွေကိုလည်း ထောက်ပံ့မှာဖြစ်ပါတယ်။ GFX Bench ES 3.0 Manhattan Benchmark အရ 170fps လောက်ရရှိတာကြောင့် မနှစ်တုန်းက Qualcomm Snapdragon 888/888+ ရဲ့ Performance ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Dimensity 8100 Chipset ကို Xiaomi Redmi Series ဖုန်းအပြင် မကြာခင်မှာတခြားသောစမတ်ဖုန်းတွေမှာလည်း တွေ့ရှိရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena