Meizu Technology ဟာ စမတ်ဖုန်း လုပ်ငန်းကနေ ထွက်ခွာသွားပါပြီ။ ကားကုမ္ပဏီ Geely က ပိုင်တဲ့ Meizu က  AI ဟာ အနာဂတ် ဖြစ်ပြီး AI မှာ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောပါတယ်။

FlymeAuto 10.5

ဝီဘိုမှ ပို့စ်အရ Open AI လို LLM (Large Language Model) ကို အသုံးပြုတဲ့ AI Terminal Device အသစ်တွေကို ဖန်တီးဖို့ FlymeOS အဖွဲ့ကို ပြုပြင်ပြောင်းလဲမှာ ဖြစ်ပါတယ်။

Meizu ဟာ  Polestar နဲ့ Lotus အပါအဝင် Geely ရဲ့ကားတွေအတွက် Infotainment System ဖြစ်တဲ့ Flyme Auto ကို ကြေညာထားပါတယ်။ စွမ်းရည်မြင့် Meizu 20 နဲ့ Meizu 21 တို့လို FlymeOS 10 Device တွေနဲ့ Flyme Auto ဟာ ချိတ်ဆက်အလုပ်လုပ်နိုင်ပါတယ်။

Meizu's car software Flyme Auto debuts

Meizu Group ရဲ့ CEO Shen Ziyu က User တွေဟာ ပျမ်းမျှအားဖြင့် ၅၁ လကြာမှာ စမတ်ဖုန်း အသစ် ဝယ်ယူကြပြီး ဒါဟာ ၄ နှစ်ကျော်ကြာပါတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ကုမ္ပဏီဟာ စမတ်ဖုန်း လုပ်ငန်းကို ရပ်နားတာ ဖြစ်ပြီး Meizu 21 Pro , Meizu 22 နဲ့ Meizu 23 Series တွေကို ထုတ်လုပ်ရောင်းချမှာ မဟုတ်တော့ပါဘူး။

Meizu က AI စွမ်းရည်ပါတဲ့ ပထမဆုံး ထုတ်ကုန်ကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ တရုတ်မှ မြေပြင်စတိုး အပါအဝင် လက်ရှိ ရောင်းချထားတဲ့ စမတ်ဖုန်းတွေအတွက် Support ဆက်ပေးထားမှာပါ။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက နိုင်ငံတကာ ဈေးကွက်ကနေ ပျောက်သွားတဲ့အတွက် နိုင်ငံခြားက ဖုန်းတွေအတွက် Support ပေးဦးမလားဆိုတာ မသိသေးပါဘူး။

Ref : gsmarena