Meizu က ဒီနှစ် အစောပိုင်းမှာ စမတ်ဖုန်း လောကကနေ ထွက်တော့မယ်လို့ ကြေညာခဲ့ပေမယ့် Meizu 21 Pro ကို အဲဒီနောက်မှာ ရောင်းချခဲ့ပါတယ်။ အခုတော့ နောက်ထပ် Meizu ဖုန်း ၁ လုံးကို ကြေညာမယ့်နေ့နဲ့ အဓိက Specs တွေ ထွက်ပေါ်လာပါတယ်။

Meizu 21 Note ကို မေလ ၁၆ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး ကြီးမားတဲ့ Battery နဲ့ Snapdragon 8 Gen 2 Chipset ပါလာမှာ ဖြစ်ပါတယ်။

အဲဒီဖုန်းမှာ 1220p Display နဲ့ Meizu 21 Pro ထက်ပိုမြင့်တဲ့ 144Hz Refresh Rate ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 16GB RAM မော်ဒယ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး ကြီးမားတဲ့ 5,500mAh Battery ပါလာမှာ ဖြစ်ပါတယ်။

FlymeOS ထက် အဆင့်မြင့်တဲ့ AI နည်းပညာ ပါတဲ့ AOSP User Interface ထည့်သွင်းထားမယ်လို့သတင်းထွက်လာပါတယ်။ အဲဒီဖုန်းဟာ FlymeAuto Interface နဲ့ Geely ကားတွေနဲ့ ဆက်သွယ် အလုပ်လုပ်နိုင်တဲ့ စွမ်းရည် ပါလာနိုင်ပါတယ်။

Ref : gsmarena