Meizu ကနေ အခုနောက်ပိုင်းမှာတခြားသော တရုတ်နိုင်ငံတွင်း စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ယှဥ်ရင် စမတ်ဖုန်းတွေထုတ်လုပ်ရောင်းချမှုနည်းပါးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ Meizu 17th နဲ့ 17th Plus ဆိုပြီး မိတ်ဆက်လာတော့မှာပါ။

အခုအချိန်မှာတော့ အဆိုပါ Meizu 17th နဲ့ 17th စမတ်ဖုန်းအသစ်တွေနဲ့ ပတ်သတ်တဲ့သတင်းအချို့ပေါက်ကြားလာခဲ့ပါတယ်။ ဒီသတင်းတွေက သတင်းကောင်းနဲ့ သတင်းဆိုးလို့တောင် ပြောနိုင်ပြီးတော့ သတင်းကောင်းကတော့ Meizu 17th ဖုန်းတွေမှာ Flagship Quality ရှိတဲ့ 90Hz OLED Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။

သတင်းဆိုးကတော့ Meizu ကနေ အဆိုပါ 17th ဖုန်းတွေကို လာမယ့်ဧပြီလမှ နောက်ကျပြီး မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အခုသတင်းတွေကို Weibo ကနေ သိရှိရတာဖြစ်ပြီး အတည်ဖြစ်ဖို့ရာခိုင်နှုန်းများနေတယ်လို့လည်း သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ 90Hz Refresh Rate Display ကို အသုံးပြုလာမယ်ဆိုတာကို အတည်ပြုနိုင်တဲ့ Screenshot တွေပါ ထုတ်ပြခဲ့ပါသေးတယ်။ Display Resolution အနေနဲ့ကတော့ Full HD+ ပဲရှိမှာပါ။

Meizu 17th စမတ်ဖုန်းတွေဟာ Qualcomm Snapdragon 865 Processor နဲ့အတူ 5G ကိုပါ Support ပြုလုပ်လာမှာဖြစ်ပြီး Flyme UI အသစ်နဲ့အတူ ထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena